Pages

Wednesday, November 21, 2007

ပြန်လည်မရနိုင်သော နေ့စွဲများ...အပိုင်း ၂

“အူဝဲ...အူဝဲ”
လောကထဲကို လူသားတဦးမွေးဖွားလာခဲ့ပါတယ်။ ကျွန်မမှာ မောင်လေးတယောက် ရလာတဲ့အတွက် အရမ်း
ပျော်နေမိပါတယ်။ မပျော်နိုင်တဲ့သူကတော့ မာမီပါ။ မာမီမွေးခါနီး ဗိုက်နာတာတောင် ဒက်ဒီ့ပြန်မလာခဲ့ပါ။
တော်သေးတာက လွန်ခဲ့တဲ့ နှစ်ပတ် လောက်မှာ ဒရိုင်ဘာခန့်ထားလိုက်လို့သာ အချိန်မီ ဆေးရုံရောက်သွားနိုင်
ခဲ့တာပါ။ ခုဆို မာမီဆေးရုံတက်တဲ့ သုံးရက်အတွင်း တစ်ခေါက်မှ လာဖော်မရတဲ့ ဒက်ဒီ။
ဘာလေးမွေးလဲတောင်
ဖုန်းလေးတစ်ချက်ဆက်ပြီး မေးဖော်မရတဲ့ ဒက်ဒီ။ ကျွန်မရင်ထဲက
အမုန်းမီးတွေကလည်း အရှိန်အဟုန်ကောင်း
လာဆဲပါပဲ။ မာမီဆေးရုံတက်နေစဉ်အတွင်း ဒက်ဒီသည် အပြင်မှာ
သောက်ရုံမက အိမ်ထဲမှာပင် ပုလင်းထောင် တဲ့အဆင့်ကို ရောက်ခဲ့တယ်။


“ပုလဲ... ဟိုမှာ နင့်အဖေကားဖြတ်သွားတယ်” ပုလဲလှမ်းမကြည့်ချင်၍ သူငယ်ချင်းဘက် လှည့်လိုက်စဉ်မှာပဲ
“သူ့အဖေက မူးရင် သွေးဆိုးတယ်ဟ”လို့ လက်တို့ပြီး ပြောတာ တွေ့လိုက်ရတယ်။ ကျွန်မမကြားအောင်
တိုးတိုးပြောပေမဲ့ ကြားလိုက်ရတယ်။ ကျွန်မ မသိချင်ယောင်ဆောင်ပြီး ထွက်လာခဲ့တယ်။ ထိုစကားသံတွေ
ကြားတိုင်းတော့ အမုန်းမီးများက တောက်လောင်ဆဲပါပဲ။ ဒီလိုနဲ့ ကျွန်မမောင်လေး ကျောင်းတက်ရမဲ့အရွယ်
ရောက်လာခဲ့ပါတယ်။ ကျွန်မမောင်လေးကို သူများတွေနောက်တိုင်း ကျွန်မကတော့ ဂျက်မပေါ့။ မောင်လေး
ထူးဝဏ္ဏကို အနိုင်ကျင့်တဲ့သူတိုင်း ကျွန်မကို ကြောက်သဖြင့် နောက်ပိုင်း မည်သူမှ မစမနောက်ကျတော့ပါ။
ကျောင်းသွားအတူ၊ ကစားအတူ၊ စားအတူနှင့် ကျွန်မအပျော်ဆုံးကတော့ ကျွန်မမောင်လေးနဲ့ ကျွန်မမွေးနေ့ပွဲ
လုပ်တိုင်း ကျွန်မပျော်ခဲ့ပါတယ်။

ကျွန်မဆယ်တန်းနှစ်၊ မောင်လေးထူးဝဏ္ဏ လေးတန်းတုန်းက တညနေ ကျောင်းကပြန်လာမှာတော့-
“ဟင့် ဟင့် ဟင့်” ကျွန်မခြေလှမ်းတွေ မြန်လာပါတယ်။ ဒက်ဒီ့ မာမီကိုဘာလုပ်ပြန်ပြီလဲ ဒေါသနဲ့အတူ ခြေလှမ်း
ကျဲကြီးနဲ့ အိမ်ထဲဝင်လိုက်စဉ်မှာပဲ မာမီကြမ်းပြင်တွင် ပုံလျက်သားငိုနေတာကို တွေ့လိုက်ရတယ်။ မာမီက
ဒက်ဒီနဲ့ပြဿနာဖြစ်တိုင်း ကျွန်မတို့ကို အဝေးတွင် နေခိုင်းလေ့ရှိပါတယ်။ လူကြီးတွေကြောင့် ကလေးတွေကို
စိတ်မဆင်းရဲစေချင်သောကြောင့်ဖြစ်ပါတယ်။ ခုအခါမှာတော့ မာမီက ကျွန်မတို့မောင်နှမကို မြင်သည်နှင့်ဖက်
၍ ငိုပါသည်။ ကျွန်မစိတ်ထဲထင့်သွားသည်။ မာမီတခါမှ ယခုလို မပြုမူဖူးသောကြောင့်လည်းပါတယ်။
မာမီနဲ့
အတူ ကျွန်မတို့ ရောငိုမိကြပါသည်။ ပြဿနာအကြောင်းရင်းကိုတော့ မသိပါ။ သိလိုက်တဲ့အချိန်မှာတော့
ကျွန်မမငိုတော့ပါ။ ဒက်ဒီ့က မာမီကို ကွာရှင်းဖို့ပြောသည်တဲ့။ ကျွန်မမိဘတွေ ကွဲတာ ကျွန်မ
ဘာကြောင့်ပျော်
ပျော်သလဲ၊ ကျွန်မမှာ အဖေရှိလျက်နှင့် ပညာရည်ချွန်ဆုပေးပွဲသွားတိုင်း ဒက်ဒီမလိုက်ခဲ့ပါ။
ကျွန်မလည်း သူများ
တွေလို မိဘနှစ်ပါးနဲ့အတူ ဆုပေးပွဲတက်ချင်ခဲ့ပါသည်။ ကျောင်းပိတ်ရက်တိုင်း မိသားစုနှင့်
အတူ ပျော်ပျော်
ပါးပါး ခရီးထွက်ချင်ခဲ့ပါသည်။ ခုတော့ အဲလိုမဟုတ်သည့်အပြင် ဒက်ဒီ့ကြောင့် ကျွန်မတို့အရှက်ရကြရသည်၊
စိတ်ညစ်ရသည်။

ဒက်ဒီနဲ့မာမီကွဲပြီးနောက်ပိုင်းမှာတော့ မာမီ့၌ရှိသည့် ပိုက်ဆံလေးဖြင့် သင့်တော်သည့် အိမ်တလုံးဝယ်ပြီး အိမ်
ဆိုင်လေးဖွင့်ရင်း ကျွန်မတို့ဘ၀ကို စတင်ရုန်းကန်ခဲ့ရပါသည်။ ကျွန်မအဆင်မပြေမှုကြုံတိုင်း၊ အထည်ကြီးပျက်
တွေလို့ ပြောခံရတိုင်း ဦးဘုန်းဝဏ္ဏကို မုန်းတီးနာကြဉ်း စက်ဆုပ်မိပါသည်။ မာမီနဲ့ကွဲလိုက်ပေမယ့်
ကျွန်မတို့
မောင်နှမအတွက် ဦးဘုန်းဝဏ္ဏကို အဖေဟု မသတ်မှတ်နိုင်ပါ။ လမ်းတွေ့ရင်တောင် မတွေ့အောင်ရှောင်သွားခဲ့
ပါသည်။ ဒီလိုနဲ့ ပုလဲဆယ်တန်းကို ဂုဏ်ထူး လေးဘာသာနှင့် အောင်မြင်ခဲ့ပါသည်။ မာမီက
စီးပွားရေး
တက္ကသိုလ် တက်စေချင်၍ ကျွန်မ စီးပွားရေးတက္ကသိုလ်ကို တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။
“ပုလဲ... နင့်နောက်က လူတယောက်လိုက်လာတယ်ဟ”
“ဟုတ်လား” ပြောရင်း လှည့်ကြည့်လိုက်စဉ်မှာတော့ “ဟင်...ဦးဘုန်းဝဏ္ဏ” “ပုလဲနင်အသိလား”
“မဟုတ်ပါဘူးဟာ... သူတို့က ဆင်းရဲတော့ ပိုက်ဆံလာတောင်းတာနေမှာပေါ့”
“အဲဒါဆိုလည်း ပိုက်ဆံပေးလိုက်လေဟာ”
“အိုး ဘာလို့ပေးရမှာလဲ သူ့မှာလည်း ခြေကောင်းလက်ကောင်းနဲ့ လာပါဟာ ဂရုစိုက်မနေစမ်းပါနဲ့” မမှတ်မိ
လောက်အောင် ပြောင်းလဲသွားခဲ့တဲ့ ဦးဘုန်းဝဏ္ဏပုံစံက ကျွန်မတွေးတောင် မတွေးမိတဲ့ ပုံစံမျိုးနဲ့ ကိုယ်ပေါ်က
အ၀တ်တွေကလည်း စုတ်ပြတ်လို့။ ကျွန်မယခင်နေခဲ့တဲ့ အိမ်လေးကို မာမီမသိအောင် သွားကြည့်ခဲ့တယ်။

အိမ်နီးနားချင်းတွေ ပြောပြချက်အရ နောက်မိန်းမယူပြီး အရင်လိုမူးရူးနေတော့ ယူထားတဲ့မိန်းမက မိန်းမလည်
ချူစားတဲ့ မိန်းမ၊ ယောက်ျားလုပ်တဲ့သူက မူးရူးပြီး ညဥ့်နက်သန်းခေါင်မှ အိမ်ပြန်မိန်းမလုပ်တဲ့သူက
ယောက်ျား
မရှိခင် အိမ်မှာတင် ဖောက်ပြန်၊ ဂေါ့(ဖ်)ရိုက်တာကလည်း ရှုံး၊ နောက်ဆုံးတော့ နောက်မိန်းမက အိမ်ပေါ်ကနှင်
ချလိုက်တယ်ဆိုပဲ။ ဂေါ့(ဖ်)ကြွေးတင်တာကလည်း နောက်မိန်းမရဲ့ လင်ငယ်ဆီမှာ အဲတော့စည်းစိမ်ဥစ္စာလည်း
ရှုံး မယားလည်းရှုံးတဲ့။ ကြားရတဲ့ သတင်းကတော့ အကောင်းဆို၍ ကုန်းကောက်စရာတောင်မရှိ။


“ခွမ်း” မာမီ့ကို ဦးဘုန်းဝဏ္ဏအကြောင်း ပြန်ပြောပြလိုက်တာ မာမီ့လက်ထဲမှာကိုင်ထားတဲ့ ပန်းကန်တောင်
လွတ်ကျတယ်။ မာမီ့ ဒက်ဒီ့ကို မမေ့နိုင်သေးဘူးကိုး။ ကိုယ့်အပေါ်သစ္စာမရှိတဲ့ ယောက်ျားတယောက်အပေါ်
မာမီမေ့ပစ်သင့်ပါသည်။ ကျွန်မနောက် ဘာလို့ တကောက်ကောက် လျှောက်လိုက်နေရတာလဲ။ရှက်ဖို့
ကောင်း လိုက်တာနော်။

နောက်ဆက်တွဲကို စောင့်မျှော်ဖတ်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ စောင့်လက်စနဲ့ စောင့်ဦး (ထီးဆိုင် မဟုတ်ပါ)

Tuesday, November 20, 2007

ချစ်စရာ့အရွယ်

ပုံထဲက ဘယ်သူပါလိမ့်???? သြော်... အိပ်စရာရှားလို့

Monday, November 19, 2007

ဆယ့်တစ်ပွဲ ဟာသ...

မီးလေးတို့ သူငယ်ချင်းတသိုက် အအေးဆိုင်မှာ အအေးထိုင်သောက်နေတုန်း

“ဟဲ့ ဟဲ့ ဟိုမှာ ဟိုမင်းသမီးလေဟယ်”

“ဘာတုန်း ဘယ်မှာလဲ နင့်ဟာက အဆုံးမရှိ အစမရှိ”

“အော် အေးတွေ့ပြီ၊ သူ့နံမည်တောင် မေ့နေတယ်”

မီးလေးတို့ အဖွဲ့ထဲမှာ ချောက်သူ တစ်ယောက်ပါတယ်။ သူ့ကို စန္ဒာက

“အခွေတွေထဲမှာ အမြဲပါတယ်လေဟာ။ ဆရာမ သမီးဗိုက်အောင့်အောင့် နေတယ် ဆိုတာလေ”လို့ ပြောတော့ ချောက်သူအားရပါးရ ပြန်ပြောလိုက်တာ တဆိုင်လုံးပွဲကျသွားတော့တယ်။
“သိတယ်သိတယ်... ဒါပေမဲ့ အဲနေရာရောက်ရင် ကျော်လိုက်လို့ မသိဘူး” တဲ့ ကောင်းရော။ အိမ်ပြန်ရောက်တဲ့ အထိ ဗိုက်ကြောတွေ နာတုန်းပဲ။
နောက်တစ်ခါက ကျတော့ ဖြူးသူ- သူမဘေးက Rဇာနည် တစ်ယောက်လုံးရပ်နေတာ စကားပြောကလည်း တအားပွင့်လင်းတော့ အားလုံးဝိုင်းရီစရာလိုဖြစ်နေတာပေါ့။ သူပြောပုံကလည်းကြည့် “ဟယ် Rဇာနည်နဲ့ တူတယ်တော့”တဲ့ Rကြီး ခင်ဗျာ တော်တော်နေရခက်မှာပဲ ပြုံးစိပြုံးစိနဲ့ မီးလေးတို့ကတော့ ကြိတ်ရီနေရတာ ဗိုက်ကြောတွေတောင်နာတယ်။ နောက်မနေနိုင်တော့တဲ့အဆုံး ပြောပြလိုက်ကြပါလို့ ပြောလိုက်ရတယ်။ “အမအဲဒါ Rကြီးပဲလေ”ပြောလိုက်တော့ နောက်တစ်ခေါက်သွားပြန်ကြည့်လေရဲ့။ အဲလောက်ထိကို ဗရုတ်ကျ ချတာ ပြီးတော့ နောက်တစ်ခုရှိသေးတယ် ဗဟုသုတပေါ့ သူတို့ကို ရည်းစားထားမိလို့ကတော့ “ချစ်တယ်”လို့ တသက်လုံးပြောခံရမှာ မဟုတ်ဘူး။
(စာကြွင်း။ ။ ချနဲ့ရှ စကားသံမပီလို့ ချစ်တယ်ပြောတိုင်း ရှစ်တယ်လို့ပဲ အသံထွက်ကြပါတယ်)
ရီပြီးမှပြန်နော်...

Friday, November 16, 2007

ပြန်လည်မရနိုင်သော နေ့စွဲများ...အပိုင်း ၁

ညနေခင်းတစ်ခုရဲ့ လှပတဲ့ နီယွန်မီးတွေ ဆင်မြန်းထားတဲ့ ခြံကြီးတစ်ခြံ၌ ဧည့်ပရိတ်သတ်တွေရဲ့ အလယ်မှာ ဂါဝန်အဖြူလေးကို ၀တ်ဆင်လျက် ခေါင်းတွင် သရဖူဆောင်းထားတဲ့ ကောင်မလေးတယောက် ...
မျက်နှာပေါ်မှာလည်း အပြုံးရိပ်တွေနဲ့ ပျော်ရွှင်နေတဲ့ ကောင်မလေး ...

ခြံထဲမှာရှိတဲ့ ဧည့်ပရိတ်သတ်တွေကလည်း ဂုဏ်သရေအသိုင်းအ၀ိုင်းမှ လူကုံတံတွေ... ခြံရှေ့ရပ်ထားတဲ့ ကားတွေကလည်း အကောင်းစားတွေ... ခြံရဲ့အလယ်ခေါင်တည့်တည့်မှာတော့ မွေးနေ့ကိတ်... ပျော်တပြုံးပြုံးနဲ့ ဧည့်ခံနေကြတဲ့ မွေးနေ့ရှင်ရဲ့ မိဘနှစ်ပါး... ပြီးတော့ ညီအစ်ကိုမောင်နှမတွေ...

ကျွန်မသူ့မကို အားကျနေမိတရ်။ ကျွန်မလို ကိုယ့်ဘ၀ကို မသေချာတဲ့လူအဖို့ ယခုလိုပွဲမျိုး ကျွန်မရတော့မည် မဟုတ်တော့ဘူးဆိုတာ ကျွန်မမှလွဲ၍ မည်သူ့မှ မသိနိုင်ပါ။


မာမီက ကျွန်မကို ငယ်ငယ်က အသားဖြူပြီး အိမ်ရဲ့ဆည်းလည်းလည်းဖြစ်ပြီး ချစ်မြတ်နိုးတဲ့အတွက် ပုလဲဖြူလို့ နာမည်ပေးခဲ့ပါတရ်။ ပြီးတော့ ကျွန်မကို မွေးပြီးတဲ့နောက် ဒက်ဒီရဲ့ အလုပ်တွေ အဆင်ပြေပြီး မိသားစု စားဝတ်နေရေး ချောင်လည်တဲ့အပြင် ငွေပိုငွေလျှံရှိလာပါသဖြင့် မာမီ၌ ရွှေတွေဝင်းနေခဲ့ပါတရ်။ ထို့ကြောင့် ဒက်ဒီနဲ့မာမီက ကျွန်မကို ပို၍တိုး၍တိုး၍ ချစ်ကြပါတရ်။

ကျွန်မသုံးနှစ်သမီးအရွယ်မှာတော့ လက်ရှိအိမ်ကနေ ပြောင်းပြီး ကျယ်ဝန်းလှတဲ့ ခြံကြီးထဲမှာ ဆောက်ထားပြီး လှပတဲ့တိုက်လေးမှာ ပြောင်းနေခဲ့ကြပါတရ်။ ကျွန်မရဲ့ မွေးနေ့ပွဲကိုလည်း ထိုခြံကြီးထဲမှာပင် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပါတရ်။

ကျွန်မငါးနှစ်သမီးအရွယ်မှာတော့ မာမီ့မှာ နောက်ထပ်ကိုယ်ဝန်ရှိခဲ့ပါတရ်။ တဦးတည်းသောဖြစ်တဲ့ ကျွန်မအဖို့ ၀မ်းနည်းဝမ်းသာဖြစ်ခဲ့ပါတရ်။ ကျွန်မအတွက် မောင်လေး ဒါမှမဟုတ် ညီမလေးရမှာ ပျော်ပေမဲ့ ဒက်ဒီနဲ့မာမီ ထံမှ အချစ်လျော့သွားမလားဆိုတဲ့ အတွေးနဲ့စိုးရိမ်ပြီး ၀မ်းနည်းမိခဲ့ပါသေးတရ်။ ဒါပေမဲ့ ကျွန်မအတွက် အဖော် ရမှာမို့ ၀မ်းသာမိပါတရ်။

ကျွန်မ တခါမှမစဉ်းစားမိသော အရာတွေ၊ ၀မ်းနည်းစရာ ဖြစ်ရပ်တွေ ကျွန်မဘ၀ထဲကို ရောက်လာလိမ့်မည်ဟု မထင်ခဲ့ပါ။ ဒက်ဒီက စီးပွားရေးလည်း အဆင်ပြေ၊ လူကုံတံအသိုင်းအ၀ိုင်းထဲ ၀င်ဆံ့နိုင်ခဲ့တော့ လူကုံတံအများစု ထုံးစံအတိုင်း အစပိုင်းမှာတော့ ဘီယာလေးတမြမြ၊ နောက်ပိုင်းမှာတော့ အရက်လေးတမြမြ အလုပ်အကြောင်း ပြပြီး နေ့စဉ်လိုလို မူးပြီးမှ ပြန်လာတတ်နေခဲ့ပါပြီ။ အလုပ်အားနေခဲ့လျှင်လည်း အလုပ်ဗန်းပြပြီး ဂေါ့(ဖ်)သွား ရိုက်တတ်ပါတရ်။ ဂေါ့(ဖ်)ရိုက်တာ ပြဿနာမဟုတ်ပေမဲ့ လောင်းကြေးနဲ့ ရိုက်၊ ပြီးရင် ဘီယာဆိုင်သွား၊ အိမ်ကို ညဉ့်နက်သန်းခေါင်မှ မူးပြီးပြန်လာတတ်တရ်။

“ကိုဘုန်းရယ်...ကျွန်မမှာလည်း မပေါ့မပါးကြီးနဲ့ ရှင့်မှာလဲ အိမ်ကိုကပ်တယ်မရှိဘူး။ အလုပ်အားတဲ့ ရက်လေး မိသားစုကို အချိန်ပေးမယ်ကိုမရှိဘူး”

“အေ့... ငါအလကားသွားနေတာ မဟုတ်ဘူးကွ။ မင်းတို့တွေ ခုလိုနေနိုင်အောင်ရှာကျွေးနေတာ ဒီကောင်ပါကွ။ ခုမင်းတို့ ဘာလိုလဲ။ လိုလေသေးမရှိ ငါထားခဲ့တာပဲ။ အေ့... ငါ့ကို ဆရာလာလုပ်စရာ မလိုဘူးကွ အေ့”

“ဒုန်း”

အသံတွေ ဆူညံနေလို့ ကျွန်မ အိပ်ယာမှ လန့်နိုးသွားတရ်။ အိပ်ခန်းတံခါးကို ဖွင့်လိုက်စဉ်မှာပဲ ဒက်ဒီနဲ့မာမီ စကားများသံကို ကြားလိုက်ရတရ်။ ကျွန်မ မအံ့သြတော့ပါ။ ဒက်ဒီမူးလာတိုင်း မာမီနဲ့ တိုးတိုးဖြစ်စေ၊ အော်၍ ဖြစ်စေ စကားများ၊ ရန်ဖြစ်နေကြ။ ယခင်က ကျွန်မတို့ မိသားစုကို အားကျနေကြသော ပတ်ဝန်းကျင်ကို ကျွန်မ ရင်မဆိုင်ချင်ပါ။ သူများတွေက “အေးချမ်းလိုက်တာ စကားများသံတောင်မကြားရဘူး။ ဦးဘုန်းဝဏ္ဏတို့များ စီးပွားလည်း အရှာကောင်းပါရဲ့။ မိသားစုအပေါ်မှာလည်း သစ္စာရှိတယ် ဒေါ်မြသီတာတို့များ လင်ကံကောင်းလိုက်တာ။”ဆိုတဲ့ စကားသံများ ကျွန်မကို ခြောက်လှန့်လို့နေပါတယ်။
“ပုလဲတောင်ကျောင်းက ပြန်လာပြီပဲ၊ သမီးရေသွားချိုး။ မာမီထမင်းစားဖို့ပြင်ထားလိုက်မယ်နော်” မာမီ ပြောပြီး ထမင်းစားခန်းထဲ ၀င်သွားပါသည်။ မာမီ မျက်ဝန်းထဲမှာ မျက်ရည်စတွေကို မြင်ရပါတယ်။ ဒက်ဒီနဲ့မာမီ စကားများကြပြီ ထင်ပါရဲ့။ မာမီက ကျွန်မမမြင်အောင် စိတ်ကို ချုပ်တီးထားပုံပါပဲ။ ဒါပေမဲ့ ကျွန်မ မြင်ခဲ့ရတရ်။
“သမီး စာတွေလုပ်နေတာ သိပ်ညဥ့်မနက်စေနဲ့ဦး မာမီနွားနို့ ပူပူလေးလုပ်ပေးထားတယ် သောက်လိုက် ဦးနော်” “ဟုတ်ကဲ့ မာမီ”
“ဒုန်း...ဒုန်း...ဒုန်း”
“မိန်းမရေ...အေ့ မိန်းမ၊ ဒီမိန်းမ ဘယ်သွားသေနေလဲ”
“ကိုဘုန်း ရှင်မူးလာလည်း အေးအေးနေပါ။ သမီးလေးစာကြည့်နေတုန်းရှိသေးတရ်။ မအိပ်သေးဘူး။ သမီး ကြားသွားရင် မကောင်းဘူး။ ကျွန်မသမီးကို စိတ်ဒဏ်ရာတွေ မပေးစမ်းပါနဲ့ရှင်။ သမီးကို သူ့အဖေက အရက်သမားလို့ မမြင်စေချင်ဘူး။”
“ဒီမှာ ငါအိမ်ထောင်ဦးစီး မင်းဘာမှပြောစရာမလိုဘူး၊ မင်းထက် ငါပိုနားလည်ဆိုတာ မင်းခေါင်းထဲမှာ စွဲနေအောင် မှတ်ထားလိုက်စမ်းပါကွာ အေ့”
“သမီးရေ သမီး...အေ့”
“ပုလဲ...သမီးရေ အေ့”
“ရှင် ဘာဖြစ်လို့ ကလေးကို ခေါ်နေတာလဲ။ ရှင်ဒီပုံစံမျိုးနဲ့ ကျွန်မသမီးနား မသွားပါနဲ့။ တခြားဟာတွေသာ ခွင့်လွတ်ချင် ခွင့်လွတ်မရ်။ သမီးနဲ့ ပတ်သက်လာရင်တော့ ရှင့်ကို လုံးဝခွင့်မလွတ်ဘူး”
“မင်းက ဘာမို့လို့လဲကွ။ ငါ့သမီးဆီ ငါသွားတာ ဘာဖြစ်လဲကွ”
“ကျွန်မတောင်းပန်ပါတယ်ရှင်။ ရှင်မသွားပါနဲ့ သမီးကို အရက်နံ့နဲ့ မရင်းနှီးစေချင်လို့ပါ။ တောင်းပန်ပါတယ်။ လာပါ ကျွန်မတို့ အခန်းကို ၀င်ရအောင်ပါ”
ကျွန်မအခန်းထဲမှာ အံကြိတ်ပြီး ငိုနေမိပါတယ်။ မာမီ့ကို ကျေးဇူးတင်ပါတယ်။ ကျွန်မစိတ်ထဲမှာလည်း မလာပါ စေနဲ့လို့ ဆုတောင်းနေခဲ့တယ်။ ကျွန်မချစ်တဲ့ ဒက်ဒီက ယခုလို ပုံစံမျိုးနဲ့ မဟုတ်ပါ။ အရက်မူးပြီး ပြန်လာ၊ မိသားစုကို ပြဿနာရှာတတ်တဲ့သူ မဟုတ်ပါ။ ကျွန်မ ဒက်ဒီ့ကို ယနေ့ကစပြီး မချစ်တော့ပါဟု သံဓိဌာန် ချလိုက်ရ်။ ဟုတ်တရ် ဒက်ဒီ့ကို ကျွန်မ ဒက်ဒီပါလို့ သူငယ်ချင်းတွေရှေ့ပြောရမှာ ကျွန်မသိပ်ရှက်တယ်။
နောက်ဆက်တွဲကို စောင့်မျှော်ဖတ်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်

မီးလေးရဲ့ အမြင်

“သားတို့ရေ အမေ မုန့်ဖက်ထုပ် ၁၀ထုပ်ဝယ်လာတရ်။ သားတို့ မောင်နှမ၅ယောက် မျှစားလိုက်ကြနော်။”
“ဟုတ်ကဲ့...အမေ ကျွန်တော်တို့မောင်နှမတွေ ဝေစားလိုက်ပါမယ်”လို့ အကြီးဆုံးသားဖြစ်တဲ့ မောင်နီက ပြန်ပြောလိုက်တရ်။ အမေက မုန့်တွေပေးပြီး အပြင်ထွက်သွားပါတရ်။ မောင်နီက မောင်နှမတွေ အကုန်လုံးကို ခေါ်ပြီး
“မုန့်တွေကို အကိုအကြီးဆုံးဖြစ်တဲ့ ငါက ဝေပေးမယ်”လို့ ပြောလိုက်တယ်။ မုန့်က-၁၀ခု တဦးနှစ်ခုစားလို့ရရဲ့ ဘယ်လို ဝေဦးမှာလဲပေါ့။ ဒါပေမဲ့လည်း အကိုကြီးဆိုတော့ မပြောရဲကြဘူးပေါ့။
“ကဲ မောင်ဖြူ မင်းအတွက် ၁ခု၊ ငါ့အတွက် ၁ခု”
“မောင်မဲ မင်းအတွက် ၁ခု၊ ငါ့အတွက် ၁ခု”
“မကြီး နင့်အတွက် ၁ခု၊ ငါ့အတွက် ၁ခု”
“မငယ် နင့်အတွက် ၁ခု၊ ငါ့အတွက် ၁ခု” ကျန်မောင်နှမတွေ အားလုံးကို ဝေပြီးတဲ့အချိန်မှာ မောင်နီက သူ့အတွက် ၆ခု၊ ကျန် မောင်နှမတွေက ၁ခုစီပဲရသတဲ့။ မောင်နီက ဒီလိုပဲ လူလည်ကျနေကြမို့ ကျန်မောင်နှမ တွေက မကျေနပ်ဖူးပေါ့။ ဒါနဲ့ ရွာက ကျောင်းထိုင်ဆရာတော်ကို သွားတိုင်ကြတရ်။ ဒါနဲ့ ဆရာတော်က “မောင်နီကို ခေါ်လာခဲ့စမ်း... ငါဆုံးမတော်မူမယ်” လို့ ပြောပြီး မောင်နီကို ခေါ်ခိုင်းလိုက်တရ်။ မောင်နီကလည်း သိပြီးသား။ ဆရာတော်ဆီကို မုန့်ဖက်ထုပ်လေး နှစ်ထုပ်ကို ကိုင်ပြီး ဆရာတော်ထံကို လာခဲ့တယ်။
“အရှင်ဘုရား...တပည့်တော်တို့အမေက တပည့်တော်တို့ မောင်နှမတွေအတွက် မုန့်ဖက်ထုပ်ဝယ်လာပါတရ် ဘုရား... တပည့်တော်က ဆရာတော်အတွက် ဖယ်ပြီး လာကပ်တာပါဘုရား” ဆိုတော့ ဆရာတော်ခင်ဗျာ ဘာမှ မပြောနိုင်ရှာဘူးတဲ့။
အဲဒီအကြောင်းလေးက ဆရာတော် ဦးကောဝိဒ တရားထဲက အမှတ်တမဲ့ ကြားလိုက်တာကို ကျန်တဲ့စာဖတ်သူတွေကို ပြန်ဖြန့်ဝေတာပါ။ ဆရာတော်ကတော့ မြတ်စွာဘုရားက အဆင်းရဲဆုံးဒုက္ခဟာ ဆာလောင် မွတ်သိပ်ခြင်းလို့ ဟောကြားတော်မူခဲ့တာနဲ့ ပတ်သက်ပြီး ဟောထားတဲ့ တရားလေးပါ။

မီးလေးကတော့ နောက်တစ်မျိုးအနေနဲ့ ခေါင်းဆောင်ရယ်၊ အကြီးရယ်လို့ ဖြစ်လာရင် မောင်နှမထဲမှာ၊ အလုပ်ထဲမှာ နာယကဂုဏ်ခြောက်ပါးနဲ့ ပြည့်စုံဖို့လိုတဲ့အကြောင်းကို စဉ်းစားမိပါတယ်။ ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှု ဤခြောက်ခု လို့ဆိုတဲ့
နာယကဂုဏ်ခြောက်ပါးနဲ့ လူတိုင်းပြည့်စုံကြမရ်ဆိုရင် တဦးနဲ့တဦး မကျေနပ်ခြင်း၊ မနာလို ၀န်တိုခြင်း၊ ပုန်ကန်ခြင်း စတဲ့ ဆန့်ကျင်ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာမှာ မဟုတ်ဘူးလို့ မြင်ပါတရ်။

စာဖတ်သူများအားလုံး ကျန်းမာရွှင်လန်းကြပါစေရှင် ....

Wednesday, November 14, 2007

What is Love?

What is Love? ဆိုပြီး သီချင်းတော့ မထင်လိုက်ပါနဲ့နော်။ ဘာလို့လဲဆိုတော့ ကျွန်တော့ရဲ့ထွက်ပေါက်ပါဆိုပြီးတော့ ကြွေးကြော်နေတဲ့ အစ်ကိုတော် ကိုအောင်မျိုးဟန်က တက်လိုက်တာလေ အချစ်ဆိုတာဘာလဲတဲ့။ ဒါကြောင့် သီချင်းခေါင်းစဉ်နဲ့ သွားတူသွားတာ :P ....

အဲဒါမှ ဒုက္ခပဲ အကိုရေ... မီးလေးက အချစ်အကြောင်း သိပ်မသိဘူးကွဲ့။ အချစ်ဆိုတာ ဘာသာစကားတမျိုးလို့ ထင်တယ်။ ဘယ်လူမျိုး၊ ဘယ်ဘာသာမှမဟုတ်ပါဘူး။ အချစ်ကို လူတိုင်းလူတိုင်းက အဓိပ္ပယ်အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။
အဆိုတော် မခိုင်(ထွန်းအိန္ဒြာဗိုလ်)က အချစ်ကို ဒီလိုဖွင့်ဆိုခဲ့ပါတယ်။
“အချစ်ဆိုသည်မှာ လူသားတိုင်းအတွက် ဆန်းကြယ်သော အရာ...”
“အချစ်ဆိုသည်မှာ ၀မ်းနည်းတဲ့အခါ နေမင်းကုဋေကုဋာ...”
“အချစ်ဆိုသည်မှာ ကြည်နူးကြတဲ့အခိုက် မျက်ရည်တို့ရဲ့ ကဗျာ...”
“တကယ်ဆိုရင် အချစ်ဟာ ဖြေရှင်းမရတဲ့ ပြဿနာ... အချစ်ဟာ အဖြေရှာ မရတဲ့ ပုစ္ဆာ... ငါကိုယ်တိုင် အချစ်ဟာ ဘာလဲမသိ တော့ပါ... တကယ်ဆိုရင် အချစ်ဆိုတဲ့အရာနဲ့ ဆုံစည်းလိုက်ချင်ရဲ့...”
ဒီသီချင်းထဲမှာ အဖြေပါသွားပြီလေ။

အချစ်ကို တချို့က ချိုမြိန်တရ်...
အချစ်ကို တချို့က ခါးသက်တရ်...
အချစ်ကို တချို့က ကြည်နူုးဖို့ကောင်းတရ်...
အချစ်ကို တချို့က ကစားစရာလို့ထင်တရ်...
အချစ်ကို တချို့က မျှဝေခံစားတရ်...
အချစ်ကို တချို့က ....
အချစ်ကို .....

မီးလေးကတော့ အချစ်ဆိုတာ ကိုယ်က ချစ်လို့ပဲဖြစ်ဖြစ်၊ သူများက ကိုယ့်ကိုချစ်လို့ပဲဖြစ်ဖြစ်၊ တဦးနဲ့တဦး ချစ်လို့ပဲဖြစ်ဖြစ် သောကမရှိတဲ့အချိန်မှာတော့ အေးချမ်းမရ်၊ ပျော်စရာကောင်းမရ်၊ အဲဒီအချိန်တွေလောက် တန်ဖိုးရှိတဲ့အချိန်ရှိတော့မှာ မဟုတ်ဘူးလို့ ထင်ချင်ထင်မရ်။ သနားတဲ့စိတ်နဲ့ ဖြစ်တည်လာတဲ့ အချစ်နဲ့၊ တဦးနဲ့တဦး နားလည်နိုင်ကြမယ်ဆိုရင် အခိုင်မြဲဆုံးသော အချစ်ကို ရလိမ့်မယ်လို့ မီးလေးထင်တရ်။ ချစ်ပဲချစ်တတ်ပြီး နားလည်မှုမရှိရင်၊ အချိန်ပြည့် သ၀န်တိုနေရင်၊ ကြားစကားနားယောင်တတ်ပြီး လွယ်လွယ်ယုံလွယ်တတ်ရင်၊ ယောက်ျားလေးဘက်ကပဲဖြစ်ဖြစ်၊ မိန်းကလေးဘက်ကပဲဖြစ်ဖြစ် စိတ်မရှည်တော့လို့ ရေရှည်လက်တွဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ခုခေတ်ဆိုရင် ချစ်ဖို့ ပိုတောင်ကြောက်ဖို့ကောင်းသေး လူရိုးဆိုတာ သင်္ချိုင်းမှာတောင် မရှိတော့ဘူးကိုး။
အကိုအောင်မျိုးဟန်ရေ ဒီလောက်ပဲတော်ပြီနော် ရေးတတ်ဖူး... အကို့တော်ကတော့ ရေးတတ်မှာပေါ့ လွမ်းနေတာကိုး ဟီး ဟီး

Monday, November 12, 2007

ကထိန်အကြောင်း တစေ့တစောင်း

ချစ်ညီမလေး အလွမ်းအိမ်က မီးလေး စီပုံးမှာ ကထိန်ခင်းလို့ မရဘူးဆိုတာ လာမေးထားတော့ မီးလေးသိသမျှ၊ ဖတ်သမျှတွေနဲ့ ဦးဏှောက်ထဲက ညစ်ထုတ်၊ စာအုပ်တွေရှာပြီး ရေးပေးလိုက်ပါတယ် ညီမရေ။ အရှင်အာစာရာ လင်္ကာရရေးသားတော်မူတဲ့ ကထိန်အကြောင်း သိကောင်းစရာများထဲစာအုပ်များထဲမှာ ကောက်နုတ်ရေးသားထားပါတယ်။

ဂေါတမဘုရားလက်ထက်တော်၌ ပါဝေယျတိုင်းသားဖြစ်ကြသော ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိပ်တို့ကို အကြောင်းပြု၍ ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်တယ်လို့ သိရှိခဲ့ပါတယ်။ ထိုညီနောင်သုံးကျိပ်တို့သည် သာသနာ၌ ထင်ရှားသော စစ်ဘုရင် “ပသေနဒီ ကောသလ” မင်းကြီးနှင့် ညီအစ်ကို တော်စပ်ကြသူများ ဖြစ်ကြပါတယ်။ ဗုဒ္ဓမြတ်စွာ ဘုရားဖြစ်တော်မူခါစ ဗာရာဏသီပြည်မှ “ဥရုဝေလ” တောအုပ်သို့ ကြွတော်မူရာ တစ်ခုသော တောအုပ်ဝယ် မိန်းမပျောက် ရှာဖွေစဉ် ဘုရားရှင်နှင့်တွေ့၍ ဧဟိဘိက္ခုရဟန်းဖြစ်ကာ တရားထူး ရခဲ့ကြသူများလည်း ဖြစ်ကြပါတယ်။

ထိုရဟန်းသုံးကျိပ်တို့သည် ပါဝါမြို့မှ သာဝတ္ထိမြို့သို့ ဘုရားရှင်အား ဖူးမြော်ရန်လာရာ ၀ါဆိုအမီ မရောက်နိုင်ခဲ့ကြသဖြင့် သာကေတမြို့၌ ၀ါကပ်ဝါဆိုခဲ့ကြရလေသည်။ ၀ါလကင်းလွတ် သီတင်းကျွတ်၍ ပ၀ါရဏာပြုပြီးသောအခါ သာဝတ္ထိသို့ ဆက်လက်ကြွချီတော် မူကြရာတွင် ၆ယူဇနာ(၄၂မိုင်ခန့်) ဝေးကွာပါတယ်။ လမ်းခရီး၌ မိုးသည်းထန်စွာ ရွာသွန်းလာသဖြင့် ရေ၊ ရွှံ့ညွှန်တို့ဖြင့် စိုစွတ်လျက် ဘုရားရှင်အား ဖူးမြော်ကြရပါတယ်။ ကထိန်အာနိသင်ငါးမျိုးအနက် “အသမာဒါန စာရ” အကျိုးဟုခေါ်သော သင်္ကန်းသုံးထည်လုံးကို ဆောင်ယူဖွယ်မလိုခြင်း လွတ်လပ်ခွင့်ရသဖြင့် ဘဒ္ဒ၀ဂ္ဂီရဟန်းများဟာ ခုလိုဒုက္ခမျိုးကို မတွေ့ကြုံနိုင်တော့ပေ။ မြတ်စွာဘုရားသည် ခွင့်မပြုရသေးသော ရဟန်းတော်များ ဆင်းရဲဒုက္ခရောက်ကြရ သည်ကို မြော်မြင်တော်မူကာ ပထမ၀ါ(ပုရိမ၀ါ)ကျွတ်ပြီးသော ရဟန်းတို့အား အကျိုးငါးမျိုးကိုပြ၍ ကထိန်ခင်းရန် ခွင့်ပြုတော်မူခဲ့ပါသည်။

ကထိန်ခင်းလိုက်သဖြင့် ရရှိနိုင်သော အကျိုးအာနိသင်ငါးပါးကို ကထိန်ခင်းသောရဟန်းနှင့် နှုတ်မြွက် သာဓုအနုမောဒနာပြုသော ရဟန်းတို့သည် ကထိန်ခင်းသောနေ့မှစပြီး တပေါင်းလပြည့်နေ့တိုင်အောင် ရယူခံစားနိုင်ခွင့်ရှိကြပါတယ်။ ကထိန်ခင်းနိုင်ခွင့်ကို သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းသာ ခင်းခွင့် ရှိပါတယ်။ မီးလေးတို့ အခုအခါမှာ ကထိန် ခင်းတယ်လို့ ပြောဆိုနေကြသည်မှာ အမှန်မဟုတ်ပါ။ ဒါယိကာ၊ ဒါယိကာမတို့ အနေဖြင့် ကထိန်မခင်းနိုင်။ ကထိန်ခင်းဖို့အတွက် ရဟန်းတို့အား သင်္ကန်းကို ပေးလှူသူမျှသာ ဖြစ်နိုင်ကြပါတယ်။ ဒါပေမဲ့ အများစု ကတော့ ဒီနှစ်တော့ ဘယ်ကျောင်းမှာ ကထိန်ခင်းမှာ ဘယ်လောက်လောက်ကုန်မှာဟု ကြွားဝါသည်ဖြစ်စေ၊ သူတပါးအား ပြောပြသည်ဖြစ်စေ၊ ကိုယ်ကောင်းမှုကုသိုလ် ဘယ်လိုလုပ်ကြောင်း တခြားသူအား ပြောပြခဲ့ ပါလျှင် ကုသိုလ်အားလုံး ပျက်ပြယ်တတ်ပါတယ်။

အလွမ်းအိမ်မေးသလို ကထိန်မခင်းနိုင်သော ရဟန်း၊ သံဃာများဟာ
  • ပထမ၀ါမဆိုရသေးသူ
  • ၀ါကျိုးဝါပြတ်သူ
  • ပစ္ဆိမ၀ါကပ်သူ (ဒုတိယ၀ါဆို၊ ၀ါကပ်သူ)နှင့်
  • အခြား ကျောင်းတိုက်၌ နေသောသူများသာ ကထိန်အာနိသင်ငါးပါးကို မရရှိနိုင်ပါ။
ထိုသို့မဟုတ်လျှင် ကထိန်မခင်းသော်လည်း ကထိန်ကာလတွင် အာနိသင်ငါးပါးထဲမှ ဒုတိယမြောက်ဖြစ်သော “အသမာဒါန စာရ”မှ လွဲ၍ ကျန်လေးပါးကို ရရှိနိုင်စွမ်းရှိပါတယ်။ ရဟန်းများဟာ ၀ါဆိုသည့်ကျောင်းတိုက်မှ ၀ါကျွတ်ကာလအထိ ညအိပ်ညနေ အပြင်ထွက်ခွင့်မရှိပါဘူး။ အရမ်းအရေးကြီးသော ကိစ္စနှင့် မဖြစ်မနေ သွားရမည့် ဆိုခဲ့လျှင်ပင် ကျောင်းတိုက်၏ ခွင့်ပြုချက်ဖြင့် ၀ါပန်ပြီးမှသာ သွားခွင့်ရှိပါတယ်။ ၀ါပန်ပြီး ညအိပ် ညနေသွားခဲ့လျှင်လည်း အများဆုံး ၇ရက်သာ(မသေချာပါ) သွားခွင့်ရှိပြီး ထပ်ပြီးနေရမည်ဆိုလျှင် မိမိနေသော ကျောင်းတိုက်သို့ ပြန်၍မရသိ အရပ်ဖြစ်ခဲ့လျှင် နီးစပ်ရာ ကျောင်းတိုက်၌ ထပ်ပြီး ၀ါပန်ရပါတယ်။ ထိုသို့သော ရဟန်း၊ သံဃာများကို ၀ါကျိုးသည်ဟု မခေါ်ပါ။

ချစ်ညီမလေးရေ ဒီလောက်နဲ့ ခဏနားထားမယ်နော်... နောက်မှ ကထိန်အာနိသင် ငါးမျိုးကို ထပ်တင်ပေးပါမယ်...

မီးလေးရဲ့ ယုံတမ်းစကား ...

ကိုမွန်ကြီးက မီးလေးကို ယုံတမ်းစကားရေးခိုင်းထားတော့လည်း ရေးရတာပေါ့ ယုံချင်ယုံ မယုံချင်နေ ဒါပေမယ့် ယုံနော် ဟီး ဟီး... မီးလေးကို ယမမင်းကြီးက သူ့ဆီ အလည်လာပြီး တော့ကီပွားဖို့ လာဖိတ်သဗျ... ဘယ်ရမလဲ မီးလေးတို့ကလည်း ဖိတ်တယ်ဆို လာထားပဲ သွားလည်တာပေါ့ ဟိုရောက်တော့ တည့်ခင်းဧည့်ခံတာတွေ စားပြီးတော့ ပြန်လာခဲ့တာပေါ့... နောက်နေ့တော့ ပျင်းပျင်းနဲ့ ဘာလုပ်ရမှန်းမသိတာနဲ့ လမ်းလျှောက်ထွက်ခဲ့တာပေါ့... လမ်းလည်းရောက်ရော
“ဟိတ် တယောက်မှမလှုပ်နဲ့... လှုပ်လိုက်တာနဲ့ ပစ်ထည့်လိုက်မယ်” ဘယ်လှုပ်ရဲပါ့မလဲ သူကမလှုပ်နဲ့ပြောတာကိုး ပစ်ထည့်လိုက်မယ်တဲ့ ငြိမ်နေလိုက်တာပေါ့...
“ပါလာသမျှတခုမကျန် အကုန်ထုတ် ပြီးရင် ရှေ့ကပုဆိုးထဲလာထည့် မြန်မြန်လုပ်နော် ရုတ်ရုတ်တော့ မလှုပ်နဲ့” မီးလေးတို့များ ဘယ်လောက်ထိ သတ္တိရှိလည်းဆိုရင် ဒီဓားပြတွေကို ငါဘယ်လိုဖမ်းရမလဲလို့ စဉ်းစားပြီး ဟုတ်ပြီ ဖုန်းရှိတဲ့ နေရာ အရင်ရှာ 199ကိုဖုန်းဆက် ပြီးတော့ပြန်လာထိုင် နေလိုက်တာပေါ့... ခဏလည်းနေရော ရဲကားတွေရောက်လာပါရော...
“မင်းတို့တွေအားလုံးကို ငါတို့ ရဲတပ်ဖွဲ့ဝင်တွေက ၀ိုင်းထားလိုက်ပြီကွ ပြေးမယ်မကြံနဲ့။ လက်နက်တွေအကုန် ချလိုက်။ ကဲ မင်းတို့တွေ သူတို့ကို လက်ထိပ်ခတ်လိုက်ကြစမ်း။”
“ ခင်ဗျားတို့ ဘာလုပ်နေကြတာလဲဗျ။”
“ကျွန်တော်တို့ အလုပ်လုပ်နေတာ မနှောက်ယှက်ပါနဲ့။ ၀တ္တရားနှောက်ယှက်မှုနဲ့ ခင်ဗျားပါ ပါသွားမယ်”
“ကျွန်တော် ၀တ္တရားနှောက်ယှက်တာ မဟုတ်ပါဘူး ခင်ဗျာ။ ကျွန်တော်က ကဗျက်ကချော်ရုပ်ရှင်ထုတ်လုပ်ရေးက ဒါရိုက်တာ ကချော်ကချွတ်ပါခင်ဗျာ။ ခုကျွန်တော်တို့ ဓားပြတိုက်တဲ့ဇာတ်ဝင်ခန်းရိုက်နေတာဗျ။”
“ဗျာ... ဆောရီးပဲဗျာ”
မီးလေးတို့ ပြေးပြီပေါ့ ပြေးတာမှ ကားအရှိန်နောက်ဆုံးတင်ပြီး မောင်းတာထက်တောင်မြန်သေး။ ရဲကားတွေနောက်က လိုက်လာပေမယ့် မီးလေးပြေးတာလောက်ကိုတောင် မမီဖူးဗျ။ အဲလောက်ထိကို အပြေးသန်တာ။ အဟုတ်။

အင်း ပျင်းလိုက်တာ ဘာလုပ်ရကောင်းမလဲ။ ဘယ်ကို သွားမွှေရင်ကောင်းမလဲ။ ပျင်းတာနဲ့ ရေသွားကူးမယ်စိတ်ကူးတာနဲ့ ရေကူးကန်ဘက်ထွက်ခဲ့လိုက်တယ် (အလွမ်းအိမ်ကိုတော့ မခေါ်သွားပါ)။ ရေမကူးရဆိုပါလား။ ရေကူးချင်လို့ လာပါတယ် ရေမကူးရဆိုတော့ အင်း အကြံရပြီ ငါးပဲသွားမျှားတော့မယ်။ ငါးမျှားချိတ်မှာ ငါးစာတပ်ပြီး ရေအောက်ထဲကို ချလိုက်ပြီ။ ဟာ မီးလေးတို့ ကံတွေစွတ်ကောင်းနေပါလား။ ငါးကိုတန်းမိတာပဲ အလေးကြီးပါလား ငါးကတော်တော်ကြီးမယ်ထင်တယ်။ အလေးကြီးပဲ တစ်ယောက်တည်း မနိုင်တော့ဘူး။ ဒါနဲ့ လမ်းထဲက အားကောင်းမောင်းသန် ကာလသားခေါင်းတွေ သွားခေါ်ပြီး ရေပေါ်ကို ဆွဲတင်တာပေါ့ ပါလာပြီ ရေသူထီး အဲလေ ဟုတ်ပေါင် ကိုမော်တီတုန်းကြီး ငုတ်တုတ်ထိုင်ပြီး ငါးကင်ထိုင် စားနေတာကို ချိတ်မိသွားပြီး ပါလာတာကိုး တော်သေးတယ် အချိတ်တော်သွားလို့ ...


ဒီတစ်ခါတော့ အပြင်မသွားတော့ဘူး ခြံထဲမှာ အပင်တွေပဲစိုက်တော့မယ်... သြော်မေ့နေလိုက်တာ ခရမ်းချဉ်သီးမျိုးစေ့တွေ ရှိတာပဲ။ အစေ့တွေကို မြေကြီးထဲလည်း ချလိုက်ရော ဗြုန်းဆို အပင်တွေ ထပေါက်တာ အပင်ရဲ့ အမြင့်ဟာ ဒါးတွေထဲမှာ အကြီးဆုံးဒါးဖြစ်တဲ့ ထရိတ်ဒါးထက်တောင် မြင့်သေးသဗျ။ ရေလည်းလောင်းပေးလိုက်ရော အသီးတွေသီးလိုက်တာမှ အများကြီး အသီးတစ်လုံးတစ်လုံးက ဆူမိုနပန်းသမား ခန္ဓာကိုယ်ထက် အဆ၁၀၀ကြီးသဗျ။ အဲအသီးကို နှမ်းစေ့လောက်လှီးပြီး ဟင်းအိုးထဲထည့်ချက်ရင် ရန်ကုန်တစ်မြို့လုံးရဲ့ ရှိသမျှ လူတွေကျွေးလို့လောက်တယ်ဗျ။

နောက်တစ်ခါက ကျားပေါက်တစ်ကောင် အစာကျွေးမယ့် သူမရှိလို့ဆိုပီး ကြေငြာထားတာနဲ့ သူများမလုပ်တဲ့အလုပ် လုပ်ပြမယ်ဆိုပြီး အဲဒီ့ကျားပေါက်ကို အစာကျွေးဖူးတယ်... (သိတယ်မဟုတ်လား...ကျားပေါက်လေ)...
ကိုမွန်ကြီးရေ ကျေနပ်တော့နော်။ မီးလေးပြောတာ ဟုတ်မဟုတ် သူတို့ကိုလည်း မေးကြည့်လို့ရတယ်။
နှင်းဆီနီနီ
မျှားပြာ
မိုးချစ်သူ
ကိုပီကေ
ကိုပုဂံသား
မေပျို

Saturday, November 10, 2007

အရေးကြီးပါသည်...

အရက်သမားတဦးသည် ညဉ့်နက်သန်းခေါင်၌ ပုဆိုးစွန်တောင်စွဲ၍ အမြန်လျှောက်လာလေသည်။ ကင်းလှည့်နေသည့် ရဲသားနှစ်ဦးက -
“ဟေ့လူ-ဒီအချိန်ကြီး ရေးကြီးသုတ်ပျာနဲ့ ဘယ်သွားမလို့လဲ”
“Meeting ရှိနေလို့ပါဆရာ ကျွန်တော်အမြန်ပြန်မှ ဖြစ်မှာမို့လို့ပါ”
“ဒီအချိန်ကြီး ဘယ်မှာ Meeting ရှိမှာလဲကွ ရူးနေလား”
“Meeting ပေးမယ့်သူက ကျွန်တော့်မိန်းမပါဆရာ”