သြော်... အိပ်စရာရှားလို့
“ဟဲ့ ဟဲ့ ဟိုမှာ ဟိုမင်းသမီးလေဟယ်”
“ဘာတုန်း ဘယ်မှာလဲ နင့်ဟာက အဆုံးမရှိ အစမရှိ”
“အော် အေးတွေ့ပြီ၊ သူ့နံမည်တောင် မေ့နေတယ်”
မီးလေးတို့ အဖွဲ့ထဲမှာ ချောက်သူ တစ်ယောက်ပါတယ်။ သူ့ကို စန္ဒာက
ညနေခင်းတစ်ခုရဲ့ လှပတဲ့ နီယွန်မီးတွေ ဆင်မြန်းထားတဲ့ ခြံကြီးတစ်ခြံ၌ ဧည့်ပရိတ်သတ်တွေရဲ့ အလယ်မှာ ဂါဝန်အဖြူလေးကို ၀တ်ဆင်လျက် ခေါင်းတွင် သရဖူဆောင်းထားတဲ့ ကောင်မလေးတယောက် ...
မျက်နှာပေါ်မှာလည်း အပြုံးရိပ်တွေနဲ့ ပျော်ရွှင်နေတဲ့ ကောင်မလေး ...
ခြံထဲမှာရှိတဲ့ ဧည့်ပရိတ်သတ်တွေကလည်း ဂုဏ်သရေအသိုင်းအ၀ိုင်းမှ လူကုံတံတွေ... ခြံရှေ့ရပ်ထားတဲ့ ကားတွေကလည်း အကောင်းစားတွေ... ခြံရဲ့အလယ်ခေါင်တည့်တည့်မှာတော့ မွေးနေ့ကိတ်... ပျော်တပြုံးပြုံးနဲ့ ဧည့်ခံနေကြတဲ့ မွေးနေ့ရှင်ရဲ့ မိဘနှစ်ပါး... ပြီးတော့ ညီအစ်ကိုမောင်နှမတွေ...ကျွန်မသူ့မကို အားကျနေမိတရ်။ ကျွန်မလို ကိုယ့်ဘ၀ကို မသေချာတဲ့လူအဖို့ ယခုလိုပွဲမျိုး ကျွန်မရတော့မည် မဟုတ်တော့ဘူးဆိုတာ ကျွန်မမှလွဲ၍ မည်သူ့မှ မသိနိုင်ပါ။
မာမီက ကျွန်မကို ငယ်ငယ်က အသားဖြူပြီး အိမ်ရဲ့ဆည်းလည်းလည်းဖြစ်ပြီး ချစ်မြတ်နိုးတဲ့အတွက် ပုလဲဖြူလို့ နာမည်ပေးခဲ့ပါတရ်။ ပြီးတော့ ကျွန်မကို မွေးပြီးတဲ့နောက် ဒက်ဒီရဲ့ အလုပ်တွေ အဆင်ပြေပြီး မိသားစု စားဝတ်နေရေး ချောင်လည်တဲ့အပြင် ငွေပိုငွေလျှံရှိလာပါသဖြင့် မာမီ၌ ရွှေတွေဝင်းနေခဲ့ပါတရ်။ ထို့ကြောင့် ဒက်ဒီနဲ့မာမီက ကျွန်မကို ပို၍တိုး၍တိုး၍ ချစ်ကြပါတရ်။ကျွန်မသုံးနှစ်သမီးအရွယ်မှာတော့ လက်ရှိအိမ်ကနေ ပြောင်းပြီး ကျယ်ဝန်းလှတဲ့ ခြံကြီးထဲမှာ ဆောက်ထားပြီး လှပတဲ့တိုက်လေးမှာ ပြောင်းနေခဲ့ကြပါတရ်။ ကျွန်မရဲ့ မွေးနေ့ပွဲကိုလည်း ထိုခြံကြီးထဲမှာပင် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပါတရ်။ကျွန်မငါးနှစ်သမီးအရွယ်မှာတော့ မာမီ့မှာ နောက်ထပ်ကိုယ်ဝန်ရှိခဲ့ပါတရ်။ တဦးတည်းသောဖြစ်တဲ့ ကျွန်မအဖို့ ၀မ်းနည်းဝမ်းသာဖြစ်ခဲ့ပါတရ်။ ကျွန်မအတွက် မောင်လေး ဒါမှမဟုတ် ညီမလေးရမှာ ပျော်ပေမဲ့ ဒက်ဒီနဲ့မာမီ ထံမှ အချစ်လျော့သွားမလားဆိုတဲ့ အတွေးနဲ့စိုးရိမ်ပြီး ၀မ်းနည်းမိခဲ့ပါသေးတရ်။ ဒါပေမဲ့ ကျွန်မအတွက် အဖော် ရမှာမို့ ၀မ်းသာမိပါတရ်။ကျွန်မ တခါမှမစဉ်းစားမိသော အရာတွေ၊ ၀မ်းနည်းစရာ ဖြစ်ရပ်တွေ ကျွန်မဘ၀ထဲကို ရောက်လာလိမ့်မည်ဟု မထင်ခဲ့ပါ။ ဒက်ဒီက စီးပွားရေးလည်း အဆင်ပြေ၊ လူကုံတံအသိုင်းအ၀ိုင်းထဲ ၀င်ဆံ့နိုင်ခဲ့တော့ လူကုံတံအများစု ထုံးစံအတိုင်း အစပိုင်းမှာတော့ ဘီယာလေးတမြမြ၊ နောက်ပိုင်းမှာတော့ အရက်လေးတမြမြ အလုပ်အကြောင်း ပြပြီး နေ့စဉ်လိုလို မူးပြီးမှ ပြန်လာတတ်နေခဲ့ပါပြီ။ အလုပ်အားနေခဲ့လျှင်လည်း အလုပ်ဗန်းပြပြီး ဂေါ့(ဖ်)သွား ရိုက်တတ်ပါတရ်။ ဂေါ့(ဖ်)ရိုက်တာ ပြဿနာမဟုတ်ပေမဲ့ လောင်းကြေးနဲ့ ရိုက်၊ ပြီးရင် ဘီယာဆိုင်သွား၊ အိမ်ကို ညဉ့်နက်သန်းခေါင်မှ မူးပြီးပြန်လာတတ်တရ်။“ကိုဘုန်းရယ်...ကျွန်မမှာလည်း မပေါ့မပါးကြီးနဲ့ ရှင့်မှာလဲ အိမ်ကိုကပ်တယ်မရှိဘူး။ အလုပ်အားတဲ့ ရက်လေး မိသားစုကို အချိန်ပေးမယ်ကိုမရှိဘူး”“အေ့... ငါအလကားသွားနေတာ မဟုတ်ဘူးကွ။ မင်းတို့တွေ ခုလိုနေနိုင်အောင်ရှာကျွေးနေတာ ဒီကောင်ပါကွ။ ခုမင်းတို့ ဘာလိုလဲ။ လိုလေသေးမရှိ ငါထားခဲ့တာပဲ။ အေ့... ငါ့ကို ဆရာလာလုပ်စရာ မလိုဘူးကွ အေ့”“ဒုန်း”အသံတွေ ဆူညံနေလို့ ကျွန်မ အိပ်ယာမှ လန့်နိုးသွားတရ်။ အိပ်ခန်းတံခါးကို ဖွင့်လိုက်စဉ်မှာပဲ ဒက်ဒီနဲ့မာမီ စကားများသံကို ကြားလိုက်ရတရ်။ ကျွန်မ မအံ့သြတော့ပါ။ ဒက်ဒီမူးလာတိုင်း မာမီနဲ့ တိုးတိုးဖြစ်စေ၊ အော်၍ ဖြစ်စေ စကားများ၊ ရန်ဖြစ်နေကြ။ ယခင်က ကျွန်မတို့ မိသားစုကို အားကျနေကြသော ပတ်ဝန်းကျင်ကို ကျွန်မ ရင်မဆိုင်ချင်ပါ။ သူများတွေက “အေးချမ်းလိုက်တာ စကားများသံတောင်မကြားရဘူး။ ဦးဘုန်းဝဏ္ဏတို့များ စီးပွားလည်း အရှာကောင်းပါရဲ့။ မိသားစုအပေါ်မှာလည်း သစ္စာရှိတယ် ဒေါ်မြသီတာတို့များ လင်ကံကောင်းလိုက်တာ။”ဆိုတဲ့ စကားသံများ ကျွန်မကို ခြောက်လှန့်လို့နေပါတယ်။“ပုလဲတောင်ကျောင်းက ပြန်လာပြီပဲ၊ သမီးရေသွားချိုး။ မာမီထမင်းစားဖို့ပြင်ထားလိုက်မယ်နော်” မာမီ ပြောပြီး ထမင်းစားခန်းထဲ ၀င်သွားပါသည်။ မာမီ မျက်ဝန်းထဲမှာ မျက်ရည်စတွေကို မြင်ရပါတယ်။ ဒက်ဒီနဲ့မာမီ စကားများကြပြီ ထင်ပါရဲ့။ မာမီက ကျွန်မမမြင်အောင် စိတ်ကို ချုပ်တီးထားပုံပါပဲ။ ဒါပေမဲ့ ကျွန်မ မြင်ခဲ့ရတရ်။“သမီး စာတွေလုပ်နေတာ သိပ်ညဥ့်မနက်စေနဲ့ဦး မာမီနွားနို့ ပူပူလေးလုပ်ပေးထားတယ် သောက်လိုက် ဦးနော်” “ဟုတ်ကဲ့ မာမီ”“ဒုန်း...ဒုန်း...ဒုန်း”“မိန်းမရေ...အေ့ မိန်းမ၊ ဒီမိန်းမ ဘယ်သွားသေနေလဲ”“ကိုဘုန်း ရှင်မူးလာလည်း အေးအေးနေပါ။ သမီးလေးစာကြည့်နေတုန်းရှိသေးတရ်။ မအိပ်သေးဘူး။ သမီး ကြားသွားရင် မကောင်းဘူး။ ကျွန်မသမီးကို စိတ်ဒဏ်ရာတွေ မပေးစမ်းပါနဲ့ရှင်။ သမီးကို သူ့အဖေက အရက်သမားလို့ မမြင်စေချင်ဘူး။”“ဒီမှာ ငါအိမ်ထောင်ဦးစီး မင်းဘာမှပြောစရာမလိုဘူး၊ မင်းထက် ငါပိုနားလည်ဆိုတာ မင်းခေါင်းထဲမှာ စွဲနေအောင် မှတ်ထားလိုက်စမ်းပါကွာ အေ့”“သမီးရေ သမီး...အေ့”“ပုလဲ...သမီးရေ အေ့”“ရှင် ဘာဖြစ်လို့ ကလေးကို ခေါ်နေတာလဲ။ ရှင်ဒီပုံစံမျိုးနဲ့ ကျွန်မသမီးနား မသွားပါနဲ့။ တခြားဟာတွေသာ ခွင့်လွတ်ချင် ခွင့်လွတ်မရ်။ သမီးနဲ့ ပတ်သက်လာရင်တော့ ရှင့်ကို လုံးဝခွင့်မလွတ်ဘူး”“မင်းက ဘာမို့လို့လဲကွ။ ငါ့သမီးဆီ ငါသွားတာ ဘာဖြစ်လဲကွ”“ကျွန်မတောင်းပန်ပါတယ်ရှင်။ ရှင်မသွားပါနဲ့ သမီးကို အရက်နံ့နဲ့ မရင်းနှီးစေချင်လို့ပါ။ တောင်းပန်ပါတယ်။ လာပါ ကျွန်မတို့ အခန်းကို ၀င်ရအောင်ပါ”ကျွန်မအခန်းထဲမှာ အံကြိတ်ပြီး ငိုနေမိပါတယ်။ မာမီ့ကို ကျေးဇူးတင်ပါတယ်။ ကျွန်မစိတ်ထဲမှာလည်း မလာပါ စေနဲ့လို့ ဆုတောင်းနေခဲ့တယ်။ ကျွန်မချစ်တဲ့ ဒက်ဒီက ယခုလို ပုံစံမျိုးနဲ့ မဟုတ်ပါ။ အရက်မူးပြီး ပြန်လာ၊ မိသားစုကို ပြဿနာရှာတတ်တဲ့သူ မဟုတ်ပါ။ ကျွန်မ ဒက်ဒီ့ကို ယနေ့ကစပြီး မချစ်တော့ပါဟု သံဓိဌာန် ချလိုက်ရ်။ ဟုတ်တရ် ဒက်ဒီ့ကို ကျွန်မ ဒက်ဒီပါလို့ သူငယ်ချင်းတွေရှေ့ပြောရမှာ ကျွန်မသိပ်ရှက်တယ်။နောက်ဆက်တွဲကို စောင့်မျှော်ဖတ်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်
“သားတို့ရေ အမေ မုန့်ဖက်ထုပ် ၁၀ထုပ်ဝယ်လာတရ်။ သားတို့ မောင်နှမ၅ယောက် မျှစားလိုက်ကြနော်။”
“ဟုတ်ကဲ့...အမေ ကျွန်တော်တို့မောင်နှမတွေ ဝေစားလိုက်ပါမယ်”လို့ အကြီးဆုံးသားဖြစ်တဲ့ မောင်နီက ပြန်ပြောလိုက်တရ်။ အမေက မုန့်တွေပေးပြီး အပြင်ထွက်သွားပါတရ်။ မောင်နီက မောင်နှမတွေ အကုန်လုံးကို ခေါ်ပြီး
“မုန့်တွေကို အကိုအကြီးဆုံးဖြစ်တဲ့ ငါက ဝေပေးမယ်”လို့ ပြောလိုက်တယ်။ မုန့်က-၁၀ခု တဦးနှစ်ခုစားလို့ရရဲ့ ဘယ်လို ဝေဦးမှာလဲပေါ့။ ဒါပေမဲ့လည်း အကိုကြီးဆိုတော့ မပြောရဲကြဘူးပေါ့။
“ကဲ မောင်ဖြူ မင်းအတွက် ၁ခု၊ ငါ့အတွက် ၁ခု”
“မောင်မဲ မင်းအတွက် ၁ခု၊ ငါ့အတွက် ၁ခု”
“မကြီး နင့်အတွက် ၁ခု၊ ငါ့အတွက် ၁ခု”
“မငယ် နင့်အတွက် ၁ခု၊ ငါ့အတွက် ၁ခု” ကျန်မောင်နှမတွေ အားလုံးကို ဝေပြီးတဲ့အချိန်မှာ မောင်နီက သူ့အတွက် ၆ခု၊ ကျန် မောင်နှမတွေက ၁ခုစီပဲရသတဲ့။ မောင်နီက ဒီလိုပဲ လူလည်ကျနေကြမို့ ကျန်မောင်နှမ တွေက မကျေနပ်ဖူးပေါ့။ ဒါနဲ့ ရွာက ကျောင်းထိုင်ဆရာတော်ကို သွားတိုင်ကြတရ်။ ဒါနဲ့ ဆရာတော်က “မောင်နီကို ခေါ်လာခဲ့စမ်း... ငါဆုံးမတော်မူမယ်” လို့ ပြောပြီး မောင်နီကို ခေါ်ခိုင်းလိုက်တရ်။ မောင်နီကလည်း သိပြီးသား။ ဆရာတော်ဆီကို မုန့်ဖက်ထုပ်လေး နှစ်ထုပ်ကို ကိုင်ပြီး ဆရာတော်ထံကို လာခဲ့တယ်။
“အရှင်ဘုရား...တပည့်တော်တို့အမေက တပည့်တော်တို့ မောင်နှမတွေအတွက် မုန့်ဖက်ထုပ်ဝယ်လာပါတရ် ဘုရား... တပည့်တော်က ဆရာတော်အတွက် ဖယ်ပြီး လာကပ်တာပါဘုရား” ဆိုတော့ ဆရာတော်ခင်ဗျာ ဘာမှ မပြောနိုင်ရှာဘူးတဲ့။
အဲဒီအကြောင်းလေးက ဆရာတော် ဦးကောဝိဒ တရားထဲက အမှတ်တမဲ့ ကြားလိုက်တာကို ကျန်တဲ့စာဖတ်သူတွေကို ပြန်ဖြန့်ဝေတာပါ။ ဆရာတော်ကတော့ မြတ်စွာဘုရားက အဆင်းရဲဆုံးဒုက္ခဟာ ဆာလောင် မွတ်သိပ်ခြင်းလို့ ဟောကြားတော်မူခဲ့တာနဲ့ ပတ်သက်ပြီး ဟောထားတဲ့ တရားလေးပါ။
မီးလေးကတော့ နောက်တစ်မျိုးအနေနဲ့ ခေါင်းဆောင်ရယ်၊ အကြီးရယ်လို့ ဖြစ်လာရင် မောင်နှမထဲမှာ၊ အလုပ်ထဲမှာ နာယကဂုဏ်ခြောက်ပါးနဲ့ ပြည့်စုံဖို့လိုတဲ့အကြောင်းကို စဉ်းစားမိပါတယ်။ ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှု ဤခြောက်ခု လို့ဆိုတဲ့ နာယကဂုဏ်ခြောက်ပါးနဲ့ လူတိုင်းပြည့်စုံကြမရ်ဆိုရင် တဦးနဲ့တဦး မကျေနပ်ခြင်း၊ မနာလို ၀န်တိုခြင်း၊ ပုန်ကန်ခြင်း စတဲ့ ဆန့်ကျင်ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာမှာ မဟုတ်ဘူးလို့ မြင်ပါတရ်။
စာဖတ်သူများအားလုံး ကျန်းမာရွှင်လန်းကြပါစေရှင် ....
ချစ်ညီမလေး အလွမ်းအိမ်က မီးလေး စီပုံးမှာ ကထိန်ခင်းလို့ မရဘူးဆိုတာ လာမေးထားတော့ မီးလေးသိသမျှ၊ ဖတ်သမျှတွေနဲ့ ဦးဏှောက်ထဲက ညစ်ထုတ်၊ စာအုပ်တွေရှာပြီး ရေးပေးလိုက်ပါတယ် ညီမရေ။ အရှင်အာစာရာ လင်္ကာရရေးသားတော်မူတဲ့ ကထိန်အကြောင်း သိကောင်းစရာများထဲစာအုပ်များထဲမှာ ကောက်နုတ်ရေးသားထားပါတယ်။
ဂေါတမဘုရားလက်ထက်တော်၌ ပါဝေယျတိုင်းသားဖြစ်ကြသော ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိပ်တို့ကို အကြောင်းပြု၍ ခွင့်ပြုတော်မူခဲ့ခြင်းဖြစ်တယ်လို့ သိရှိခဲ့ပါတယ်။ ထိုညီနောင်သုံးကျိပ်တို့သည် သာသနာ၌ ထင်ရှားသော စစ်ဘုရင် “ပသေနဒီ ကောသလ” မင်းကြီးနှင့် ညီအစ်ကို တော်စပ်ကြသူများ ဖြစ်ကြပါတယ်။ ဗုဒ္ဓမြတ်စွာ ဘုရားဖြစ်တော်မူခါစ ဗာရာဏသီပြည်မှ “ဥရုဝေလ” တောအုပ်သို့ ကြွတော်မူရာ တစ်ခုသော တောအုပ်ဝယ် မိန်းမပျောက် ရှာဖွေစဉ် ဘုရားရှင်နှင့်တွေ့၍ ဧဟိဘိက္ခုရဟန်းဖြစ်ကာ တရားထူး ရခဲ့ကြသူများလည်း ဖြစ်ကြပါတယ်။
ထိုရဟန်းသုံးကျိပ်တို့သည် ပါဝါမြို့မှ သာဝတ္ထိမြို့သို့ ဘုရားရှင်အား ဖူးမြော်ရန်လာရာ ၀ါဆိုအမီ မရောက်နိုင်ခဲ့ကြသဖြင့် သာကေတမြို့၌ ၀ါကပ်ဝါဆိုခဲ့ကြရလေသည်။ ၀ါလကင်းလွတ် သီတင်းကျွတ်၍ ပ၀ါရဏာပြုပြီးသောအခါ သာဝတ္ထိသို့ ဆက်လက်ကြွချီတော် မူကြရာတွင် ၆ယူဇနာ(၄၂မိုင်ခန့်) ဝေးကွာပါတယ်။ လမ်းခရီး၌ မိုးသည်းထန်စွာ ရွာသွန်းလာသဖြင့် ရေ၊ ရွှံ့ညွှန်တို့ဖြင့် စိုစွတ်လျက် ဘုရားရှင်အား ဖူးမြော်ကြရပါတယ်။ ကထိန်အာနိသင်ငါးမျိုးအနက် “အသမာဒါန စာရ” အကျိုးဟုခေါ်သော သင်္ကန်းသုံးထည်လုံးကို ဆောင်ယူဖွယ်မလိုခြင်း လွတ်လပ်ခွင့်ရသဖြင့် ဘဒ္ဒ၀ဂ္ဂီရဟန်းများဟာ ခုလိုဒုက္ခမျိုးကို မတွေ့ကြုံနိုင်တော့ပေ။ မြတ်စွာဘုရားသည် ခွင့်မပြုရသေးသော ရဟန်းတော်များ ဆင်းရဲဒုက္ခရောက်ကြရ သည်ကို မြော်မြင်တော်မူကာ ပထမ၀ါ(ပုရိမ၀ါ)ကျွတ်ပြီးသော ရဟန်းတို့အား အကျိုးငါးမျိုးကိုပြ၍ ကထိန်ခင်းရန် ခွင့်ပြုတော်မူခဲ့ပါသည်။
ကထိန်ခင်းလိုက်သဖြင့် ရရှိနိုင်သော အကျိုးအာနိသင်ငါးပါးကို ကထိန်ခင်းသောရဟန်းနှင့် နှုတ်မြွက် သာဓုအနုမောဒနာပြုသော ရဟန်းတို့သည် ကထိန်ခင်းသောနေ့မှစပြီး တပေါင်းလပြည့်နေ့တိုင်အောင် ရယူခံစားနိုင်ခွင့်ရှိကြပါတယ်။ ကထိန်ခင်းနိုင်ခွင့်ကို သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းသာ ခင်းခွင့် ရှိပါတယ်။ မီးလေးတို့ အခုအခါမှာ ကထိန် ခင်းတယ်လို့ ပြောဆိုနေကြသည်မှာ အမှန်မဟုတ်ပါ။ ဒါယိကာ၊ ဒါယိကာမတို့ အနေဖြင့် ကထိန်မခင်းနိုင်။ ကထိန်ခင်းဖို့အတွက် ရဟန်းတို့အား သင်္ကန်းကို ပေးလှူသူမျှသာ ဖြစ်နိုင်ကြပါတယ်။ ဒါပေမဲ့ အများစု ကတော့ ဒီနှစ်တော့ ဘယ်ကျောင်းမှာ ကထိန်ခင်းမှာ ဘယ်လောက်လောက်ကုန်မှာဟု ကြွားဝါသည်ဖြစ်စေ၊ သူတပါးအား ပြောပြသည်ဖြစ်စေ၊ ကိုယ်ကောင်းမှုကုသိုလ် ဘယ်လိုလုပ်ကြောင်း တခြားသူအား ပြောပြခဲ့ ပါလျှင် ကုသိုလ်အားလုံး ပျက်ပြယ်တတ်ပါတယ်။
အလွမ်းအိမ်မေးသလို ကထိန်မခင်းနိုင်သော ရဟန်း၊ သံဃာများဟာ
ထိုသို့မဟုတ်လျှင် ကထိန်မခင်းသော်လည်း ကထိန်ကာလတွင် အာနိသင်ငါးပါးထဲမှ ဒုတိယမြောက်ဖြစ်သော “အသမာဒါန စာရ”မှ လွဲ၍ ကျန်လေးပါးကို ရရှိနိုင်စွမ်းရှိပါတယ်။ ရဟန်းများဟာ ၀ါဆိုသည့်ကျောင်းတိုက်မှ ၀ါကျွတ်ကာလအထိ ညအိပ်ညနေ အပြင်ထွက်ခွင့်မရှိပါဘူး။ အရမ်းအရေးကြီးသော ကိစ္စနှင့် မဖြစ်မနေ သွားရမည့် ဆိုခဲ့လျှင်ပင် ကျောင်းတိုက်၏ ခွင့်ပြုချက်ဖြင့် ၀ါပန်ပြီးမှသာ သွားခွင့်ရှိပါတယ်။ ၀ါပန်ပြီး ညအိပ် ညနေသွားခဲ့လျှင်လည်း အများဆုံး ၇ရက်သာ(မသေချာပါ) သွားခွင့်ရှိပြီး ထပ်ပြီးနေရမည်ဆိုလျှင် မိမိနေသော ကျောင်းတိုက်သို့ ပြန်၍မရသိ အရပ်ဖြစ်ခဲ့လျှင် နီးစပ်ရာ ကျောင်းတိုက်၌ ထပ်ပြီး ၀ါပန်ရပါတယ်။ ထိုသို့သော ရဟန်း၊ သံဃာများကို ၀ါကျိုးသည်ဟု မခေါ်ပါ။
- ပထမ၀ါမဆိုရသေးသူ
- ၀ါကျိုးဝါပြတ်သူ
- ပစ္ဆိမ၀ါကပ်သူ (ဒုတိယ၀ါဆို၊ ၀ါကပ်သူ)နှင့်
- အခြား ကျောင်းတိုက်၌ နေသောသူများသာ ကထိန်အာနိသင်ငါးပါးကို မရရှိနိုင်ပါ။
ချစ်ညီမလေးရေ ဒီလောက်နဲ့ ခဏနားထားမယ်နော်... နောက်မှ ကထိန်အာနိသင် ငါးမျိုးကို ထပ်တင်ပေးပါမယ်...
သီတင်းကျွတ်ပြီးနောက် ယခုလမှာဆိုလျှင် လမ်းတိုင်း လမ်းတိုင်း၊ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းတွင် ပဒေသာပင်များ သီးခြင်းဖြင့် မဟာဘုံကထိန်ပွဲကျင်းပလျက် ကထိန်များခင်းလျက်ရှိပါသည်။ ပဒေသာပင် သီးကြရာဝယ် အဆိုးဝါးဆုံးတစ်ခုမှာ ၀တ္ထူ(ပိုက်ဆံ)များအား ပုံစံအမျိုးမျိုး ပုံဖော်၍ သီးကြခြင်းပဲ ဖြစ်ပါတယ်။ မီးလေးတို့ အပါအ၀င်ပေါ့ လမ်းတွေမှာ ၄င်းတို့ရဲ့ ပဒေသာပင်ကို လှစေချင်ကြတဲ့အတွက် ပုံအမျိုးမျိုး ဖော်ထားတဲ့ ပိုက်ဆံတွေကို ၀ယ်ကြ၊ ကိုယ်တိုင်ပြုလုပ်ကြ၍ သီးကြပါတယ်။မီးလေးတို့ ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းကို ကထိန်ခင်းပြီး နောက်နေ့ရောက်သွားချိန်မှာတော့ ဥူးပဇင်းများ၊ သီလရှင်ဆရာလေးများ၊ ကျောင်းသားလေးများအားလုံး စားပွဲခုံတွေနဲ့ ပတ်ပတ်လည်ဝိုင်းထိုင်ကြပြီး ရေဇလုံ အကြီးကြီးထဲမှာ ခုနက ပြောခဲ့တဲ့ ပုံဖော်ထားတဲ့ ပိုက်ဆံတွေကို ရေစိမ်ထားပြီး ရေ၀သွားမှ ခွာနေကြရတာကို တွေ့ခဲ့ရပါတယ်။ မီးလေးတောင် လုပ်အားဝင်ပေးရင်းတွေးမိတာက နောင်ဆို ခုလိုမျိုးတွေ ၀ယ်မသီး တော့ဘူးလို့ သံဓိဌာန်ချခဲ့တယ်။ နီးစပ်ရာ လူတွေကိုလည်း ၀ယ်မသီးကြဖို့ အသိပေးနိုင်ခဲ့ပါတယ်။ကိုယ်က အပြင်ပန်းအလှအတွက် ၀ယ်လှူလိုက်ပေမယ့် လက်ခံရရှိတဲ့ ကျောင်းတွေအဖို့ အလုပ်ပိုရှုပ်စေသလို ကရိကထလည်း အလွန်များတာကို တွေ့ခဲ့ရပါတယ်။ မီးလေးလည်း ထိုသို့ကိစ္စများရှောင်နိုင်ခဲ့တာ အလုပ်မ၀င်ခင်အထိပဲ ရှောင်နိုင်ခဲ့ပါတယ်။ အစကတော့ သူများလုပ်တာ ၀ိုင်းကူလုပ်ပေးရုံလောက်ပါပဲ။ ခုတော့ အဲဒီတာဝန်ဟာ လုံးလုံးလျားလျား မီးလေးအပေါ်ရောက်လာတာ ယခုနှစ်ပါနဲ့ဆို ၃နှစ်ရှိခဲ့ပါပြီ။ မလုပ်ချင်ပေမဲ့လည်း ကိုယ့်ကို တာဝန်ပေးထားတာမို့ တစ်နှစ်ထက်တစ်နှစ်ပိုပြီး လှစေဖို့ အရုပ်တွေကို တစ်မျိုးပြီးတစ်မျိုး ပြုလုပ်ခဲ့ ရပါတယ်။ ကော်ကိုတော့ မသုံးပါဘူး ရေစိမ်ခွာရမှာစိုးလို့ ဟီး။ Stapler ကိုတော့ သုံးရပါတယ်။ မသုံးမဖြစ်မို့ပါ မီးလေးတို့ သူငယ်ချင်းတစ်ယောက်ကဆို Stapler Remover လေးပါ ထည့်သီးပေးလိုက်ပါလားတဲ့လေ။နောက်ရက်ဆိုရင် ပဒေသာပင်စသီးရတော့မယ် အဲဒီအချိန်ကို ရောက်လာမှာ ကြောက်နေမိတာတော့ အမှန်ပါ မလုပ်ချင်တာမဟုတ်ပေမဲ့ မလုပ်သင့်ဘူးထင်တာကို လုပ်နေရလို့ မလုပ်ချင်တာပါ။ တော်ပြီ စိတ်ညစ်စရာတွေ မီးလေးတို့ သီးထားတာ လှလားကြည့်ပေးဦး ....ပြီးခဲ့တဲ့နှစ်ကပုံ အဆင်သင့်မရှိသေးလို့ လွန်ခဲ့တဲ့နှစ်နှစ်ကပုံတင်ပေးလိုက်တယ် ....