Pages

Tuesday, December 9, 2008

အနောက်ရပ်က ထွက်တဲ့နေ... အပိုင်း ၂

“ပြာလဲ့ အိမ်ပေါ်ရောက်သွားတဲ့အချိန်မှာ သူတို့ ပလူးနေတဲ့ အသံတွေ ကြားနေရတယ်... အိမ်ရှေ့မှာ လူသံကြားလို့ ထင်ပါရဲ့ သူတို့ အိမ်ရှေ့ထွက်လာကြတယ်... ပြာလဲ့လေ အဲဒီ့အချိန်မှာ မိုးပြိုသလို ခံစားရတယ်... ပြာလဲ့နေရာမှာ ဆည်းဆာဆိုရင်ကော ဆည်းဆာရဲ့ သတို့သားလောင်းက အေပၚအက်ႌမပါဘဲ တျခား အမ်ိဳးသမီးတဦးတေယာက္က ဆံပင္က ဗရိုဗရဲ အက်ႌက ၾကယ္သီး ကမန်းကတန်းတတ်ထားတဲ့ပုံစံ ဘယ်ညာ မညီဘဲ အိပ်ခန်းတခုတည်းက အတူတူ ထွက်လာတာမြင်ရင် ဆည်းဆာကို ဘာလုပ်မလဲ”
သူမပြောနေရင်း ပါးပြင်ကို မျက်ရည်တို့ စီးကျလာတယ်... ခုနကလိုတော့ မရှိုက်တော့... သူမအားယူပြီး စကားကို ပြန်ဆက်တယ်...
“ပြာလဲ့ ဘာမှ မပြောလည်း မပြောခဲ့ဘူး၊ ဘာမှလည်း မလုပ်ခဲ့ဘူး... ပြာလဲ့ အိမ်ကို ဘယ်လိုပြန်ရောက်လို့ ပြန်ရောက်မှန်းမသိ ပြန်ရောက်လာခဲ့တယ်... ပြာလဲ့နဲ့ အဖော်လိုက်ပေးတဲ့သူက ဘယ်ကျန်ခဲ့မှန်း မသိတော့ဘူး... ပြာလဲ့အိမ်ပြန်ရောက်ရင် လူကြီးတွေပါသိပြီး ပြဿနာတွေ ရှုပ်ကုန်မှာစိုးလို့ သူလိုက်မလာ တော့တာလို့ နောက်မှ ပြောပြတယ်... သူလိုက်မလာတာလည်း ကောင်းပါတယ်... အိမ်က မိဘတွေက ၀ိုင်းမေးကြပေမဲ့ ပြာလဲ့ ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး... တယောက်တည်းပဲ ကျိတ်ပြီး မစားနိုင် မအိပ်နိုင် ဖြစ်ခဲ့ရတယ်...”
“ဒါနဲ့ အဲလိုဖြစ်ပြီးတော့ ပြာလဲ့ဆီ သူမလာဘူးလား”
“ဟင့်...ဟင့်...ဟင်း လာတာပေါ့ ဆည်းဆာရယ်... သူက မျက်နှာမပျက် လာမြဲတိုင်း လာတယ် ပြာလဲ့လည်း သူအကြောင်းတွေ လူကြီးတွေ ပြန်ပြောရမှာ ရှက်လို့ ပုံမှန်အတိုင်းဘဲ ဆက်ဆံခဲ့တယ်လေ...”

သူမပြောလက်စ စကားကို ခဏရပ်ပြီး အဝေးကို ငေးကြည့်နေတယ်... သူ့မျက်ဝန်းမှာလည်း မိုးတွေ အုံ့မှိုင်းလို့ သူ့ခံစားချက်ကို ကျွန်မခံစားလို့ ရပါတယ်... ကျွန်မသာ သူ့နေရာမှာဆို မိဘတွေ ဖွင့်ပြောပြီး စေ့စပ်တာ ဖျက်သိမ်းမိမှာ အမှန်ပဲ...
“ဆည်းဆာ... ပြာလဲ့သူ့ကို သိပ်ပြီး ယုံလွယ်ခဲ့တယ်... သူက အဲနေ့က ကိစ္စကို တောင်းပန်တယ် နောက်အဲလို မဖြစ်စေရပါဘူးတဲ့... ပြာလဲ့သူ့ကို သိပ်ချစ်တော့ အလျှော့ပေးခဲ့မိတယ်... အဲဒီ့ကြားထဲမှာ သူသိပ်ပြီး ငြိမ်ချက်သား ကောင်းနေတာကိုး... တရက် အိမ်မှာ ဘယ်သူ့မှ မရှိဘူး သူရောက်လာတယ်... ပြာလဲ့ကို အတူတူ နေဖို့ တောင်းဆိုတယ်... ပြာလဲ့လည်း မင်္ဂလာရက် သတ်မှတ်ဖို့ စီစဉ်နေကြပြီဆိုတော့ အရင်လို ထပ်ဖြစ်မှာ စိုးလို့ သူ့ဆန္ဒကို လိုက်လျောမိခဲ့တယ်...”
သူမ သက်ပြင်းရှည်ကြီးတချက်ချလိုက်တယ်...
“ပြာလဲ့ဆီကို သတင်းဆိုးတခု ရောက်လာခဲ့တယ်... အဲဒါကတော့ သူနဲ့အတူရှိနေတဲ့ မိန်းမက အေကိုက် နေတယ်တဲ့... ပြာလဲ့ အသက်ရှုဖို့တောင် မေ့သွားတယ် ဆည်းဆာရယ်... ပြာလဲ့မှာလည်း အဲဒီ့ရောဂါရှိနေပြီ အိမ်က မိဘတွေသိရင်လည်း ပြာလဲ့ကို သတ်လိမ့်မယ်... ပြာလဲ့မှာ အဲဒီ့စိတ်ကြောင့် အိပ်ယာထဲ ဗုန်းဗုန်းလဲ တော့တာပဲ... ပြာလဲ့ နေမကောင်းလို့ မင်္ဂလာရက်ကို ရွှေ့လိုက်ကြတယ်... ပြာလဲ့ အဲဒီ့မှာ ကြာကြာမနေချင်ဘူး တနေ့ အိမ်ကသိသွားရင် နောက်ပတ်ဝန်းကျင်က သိသွားရင် အားလုံးအရှက်ရကြမှာ ပြာလဲ့ကြောင့် ဘယ်သူ့ကိုမှ မထိခိုက်စေချင်ဘူး... ဘယ်မှလည်း သွားစရာမရှိဘူး... တခါက ပြာလဲ့ဖုန်းဆက်တော့ ဆည်းဆာ HIV/AIDS ကောင်ဆယ်လ်လင်း သင်တန်းတက်နေတယ်ဆိုတာ အမှတ်ရလိုက်လို့ မင်းဆီ ကိုယ်ပြေးလာ ခဲ့တာပဲ ဆည်းဆာ”
“ပြာလဲ့ သူငယ်ချင်း မင်းဖြစ်နေတာ ကိုယ်ကူညီနိုင်ပါတယ်ကွာ မင်းစိတ်ဓာတ်မကျပါနဲ့”
ကျွန်မ သိထားတဲ့ အသိပညာတွေကို ပြန်ဖြန့်ဝေခွင့်ရသလို ကျွန်မလူတယောက်ရဲ့ စိတ်ဓာတ်ကိုလည်း မြှင့်တင်ပေးဖို့ အခွင့်အရေးရခဲ့တယ်... ကျွန်မကြောင့် လူတဦးတယောက် စိတ်သက်သာရာရအောင် လုပ်ပေးချင်တာ ကျွန်မဆန္ဒပါ...
“ပြာလဲ့ မင်းခုနက မင်းမှာ HIV ပိုးရောဂါရှိနေပြီလို့ ပြောတယ်... မင်း သွေးစစ်ပြီးပြီလား”
“ဟင့်အင်း... ပြာလဲ့ မစစ်ရသေးဘူး”
“ဒါဆို သွေးမစစ်ရသေးဘဲနဲ့ ဘာလို့ ရောဂါပိုးရှိနေပြီလို့ ပြောတာလဲ... မင်း ဒီရောဂါပိုးနဲ့ ပတ်သက်လို့ ဘာတွေ သိထားလဲ... မင်းသိသလောက် ကိုယ့်ကို ပြောပြပါဦး...”
“ပြာလဲ့နဲ့ အတူတူနေခဲ့တဲ့ အမျိုးသားတယောက်က ပိုးရှိနေတဲ့ အမျိုးသမီးနဲ့လည်း လိင်ဆက်ဆံခဲ့တယ်... ဒီရောဂါပိုးဆိုတာက လိင်ဆက်ဆံတာနဲ့ ကူးစက်တတ်တာပဲလေ...”
“ဒါနဲ့ ဆက်ပြောပါဦး သူငယ်ချင်း”
“ပြီးတော့... ပြီးတော့ ပြာလဲ့လည်း ပိန်လာတယ်...”
ကျွန်မသူ့ကို အသေအချာ ပြောပြဖို့ လိုလာပြီ... သူမပြောပုံအရဆို ကျန်းမာရေး ဗဟုသုတရှိရက်နဲ့ ရောဂါပိုး ရှိနေပြီ ဆိုပြီး ခံစားနေရ အဓိက ပြဿနာပဲ...
“သူငယ်ချင်း ပြာလဲ့... မင်းမှာ ကျန်းမာရေး ဗဟုသုတလည်း အတော်အသင့်ရှိတယ်... လိင်ဆက်ဆံရာကနေ ရောဂါပိုး ကူးစက်တတ်တယ် ဆိုတာလည်း မင်းသိနေတယ်... မင်းပိန်လာတယ်ဆိုတာ မင်းအအိပ်အစား ပျက်လို့ ပိန်လာတာ မဖြစ်နိုင်ဘူးလား”
ကျွန်မပြောတာကို သူမစဉ်းစားနေတယ်... စဉ်းစားပါစေ ကျွန်မသူ့ကို စဉ်းစားနိုင်အောင် လမ်းကြောင်း ဖွင့်ပေးလိုက်တာပါ... သူမစဉ်းစားဖို့ အချိန် တမိနစ်ပေးပြီး သူမကို ကျွန်မစကားစပ်လိုက်တယ်...
“သူငယ်ချင်း ရောဂါပိုး ရှိ၊ မရှိဆိုတာ သွေးစစ်ကြည့်မှ သိနိုင်တယ်”
“ဒါဆို ပြာလဲ့ သွေးစစ်ကြည့်ရမှာပေါ့”
အိုကေ That's right! ကျွန်မခုနက သူမကို စဉ်းစားချိန်ပေးလိုက်တာ ဒီအဖြေထွက်လာဖို့ပါ... ကျွန်မလည်း အားရှိသွားတယ်”
“အင်း.... ပြာလဲ့သွေးစစ်ကြည့်မှသာ ပြာလဲ့မှာ ရောဂါပိုး ရှိ၊ မရှိ သေချာသိနိုင်မယ်... ဒီတိုင်းကြည့်ရုံ ကိုယ်အလေးချိန် လျော့လာရုံနဲ့ ပြာလဲ့မှာ ရောဂါပိုး ကူးစက်ခံနေရပြီလို့ ပြောလို့ မရဘူးကွ...”
“ဒါဆို ပြာလဲ့သွေးစစ်ကြည့်ချင်တယ် ဒါပေမဲ့ အဖြေမှာ ပိုးရှိတယ်ဆို ပြာလဲ့ ဘယ်လိုလုပ်ရမလဲ”
“သွေးစစ်လို့ ထွက်လာတဲ့ အဖြေက နှစ်မျိုးရှိတယ် သူငယ်ချင်း၊ တမျိုးက Positive ပိုးရှိတယ်ပေါ့ကွာ၊ တမျိုးက Negative ပိုးမရှိဘူးပေါ့၊ အော် ဒါနဲ့ မင်း မင်းကောင်လေးနဲ့ နောက်ဆုံး အတူနေခဲ့တဲ့ရက်ကို မင်း မှတ်မိလား”
“လွန်ခဲ့တဲ့ သုံးလကျော်လောက်က သူငယ်ချင်း”
“ကောင်းပြီ... ကိုယ် မင်းကို မေးခွန်းမေးမယ်... မင်းမှာ တကယ်လို့ ရောဂါပိုးရှိခဲ့တယ်ဆို မင်းဘာလုပ်မလဲ”
“ပြာလဲ့... ပြာလဲ့ကိုယ် ပြာလဲ့ အဆုံးစီရင်မိလိမ့်မယ်ထင်တယ်”
“မင်းမှာ ရောဂါပိုး မရှိခဲ့ဘူး ဆိုရင်ကော”
“ပြာလဲ့ အရမ်းပျော်မိမှာပေါ့ သူငယ်ချင်းရယ်”
“ဒါနဲ့ သူငယ်ချင်း မင်းမှာ ရောဂါပိုးမရှိရင် မင်းကောင်လေးနဲ့ လက်ထပ်မှာလား...”
“ပြာလဲ့ ဘ၀တောင် ပုံပေးပြီးပြီဘဲ ပြာလဲ့သူ့ကို လက်ထပ်ဖြစ်မှာပါ”
“ပြာလဲ့ ခုနက ရောဂါပိုးရှိခဲ့ရင် အဆုံးစီရင် မိလိမ့်မယ်လို့ ပြောခဲ့တယ်နော်... မင်းမှာ ရောဂါပိုးရှိရုံနဲ့ ဘာမှ စိတ်ဓာတ်ကျစရာ မလိုဘဲ ပုံမှန်အတိုင်း နေထိုင်သွားနိုင်ပါတယ် သူငယ်ချင်း... မင်းခုနက ပြောတဲ့ထဲမှာ ပတ်ဝန်းကျင်က ပြောမှာ စိုးရိမ်တယ်လို့ မင်းပြောခဲ့တယ်လေ... အဲဒီ့ရောဂါပိုး ရှိတယ်ဆိုတာ မင်းမှမပြောရင် ကိုယ်မှမပြောရင် သိစရာအကြောင်းမှ မရှိတာ ဒါကြောင့် ပတ်ဝန်းကျင်ကိုလည်း ထည့်တွက်စရာ မလိုဘူး... မင်းလည်း ရောဂါပိုးကူးစက်နိုင်တဲ့ နည်းတွေ သိပြီးသားပဲ... ဥပမာ. ကျန်းမာရေးအတွက် အိပ်ရေး၀၀အိပ်မယ်၊ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေ၊ အာဟာရ ပြည့်ဝတဲ့ အစားအစာတွေ စားမယ်၊
မင်းကောင်လေးနဲ့ အတူနေတဲ့အခါ ကွန်ဒုံးသုံးမယ်၊ ဒီလို စိတ်ဓာတ်မကျဘဲ ကိုယ့်ကျန်းမာရေးကို စနစ်တကျ စောင့်လျှောက် နေထိုင်သွားမယ်ဆိုရင် မင်းအသက်ရှည်ရှည်နဲ့ လူ့သက်တမ်းစေ့ နေထိုင်နိုင်ပါတယ်ကွာ... စိတ်ဓာတ် မကျပါနဲ့”
သူမမျက်ဝန်းထဲမှာ အလင်းရောင်တခု ထိုးထွက်လာတယ်... သူမမျက်နှာကို ကြည့်ရတာ ခုနကနဲ့ မတူတော့ဘူး... အရောင်တောက်လာတယ်... ကျွန်မလည်း သူမမျက်နှာကို အကဲခတ်ပြီး ဆက်ပြောတယ်...

“မင်းမှာ ရောဂါပိုးမရှိဘူး ဆိုရင် မင်းကောင်လေးနဲ့ လက်ထပ်မယ်လို့ မင်းပြောတယ်... မင်းကောင်လေးက ရောဂါပိုး ရှိတဲ့ မိန်းမတယောက်နဲ့ လိင်ဆက်ဆံခဲ့ဖူးတယ်... သူ့အပေါ်ကော မင်းသံသယရှင်းရဲ့လား”
“သူ့မှာ ပိုးရှိနေရင် ပြာလဲ့ ဘာလုပ်သင့်လဲဟင်”
“သူ့မှာ ပိုးရှိ၊ မရှိဆိုတာလည်း သွေးစစ်ကြည့်မှပဲ သိနိုင်တယ်လေ... သူ့မှာ ရောဂါပိုး ရှိနေတယ် ဆိုရင်ကော မင်းဘာလုပ်မလဲ”
“ပြာလဲ့ကတော့ သူ့မှာ ရောဂါပိုး ရှိရင် မယူတော့ဘူး”
“ပြာလဲ့ကို ကိုယ်ပြောပြမယ်... သူ့မှာ ရောဂါပိုးရှိရုံနဲ့ ပြာလဲ့ကို မကူးစက်နိုင်ပါဘူး... HIVပိုးက အတူအိပ်၊ အတူစား၊ အ၀တ်အစားအတူဝတ်ရုံနဲ့ မကူးစက်နိုင်ပါဘူး... ပြီးတော့ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးကို စနစ်တကျ သုံးစွဲမယ်ဆိုရင် ရောဂါပိုးမကူးစက်နိုင်ဘူး သူငယ်ချင်း... ဒါတွေလည်း မင်းသိသင့်သလောက် သိပြီးသားပါကွာ”
“သူရောဂါပိုးရှိရက်နဲ့ ပြာလဲ့ယူလိုက်ပြီထားပါတော့ ကလေးမရတော့ရင် မျိုးဆက်မရှိတော့ဘူးပေါ့”
“အင်း သူငယ်ချင်းမေးတဲ့ မေးခွန်းက မေးထိုက်ပါတယ်... ကလေးမယူတာ အကောင်းဆုံးပေါ့ သူငယ်ချင်း...
ကလေးယူကို မယူသင့်ဘူး... မင်းကလေးလိုချင်တယ်ဆိုရင် ကလေးတယောက်မွေးစားလိုက်ပေါ့... ကလေး မွေးစားလို့လည်း ရနေတာပဲလေ... အကယ်၍ ကလေးယူမယ်လို့ ဆုံးဖြတ်ထားတယ် ဆိုရင် ကလေးယူတဲ့အခါ ပထမဆုံး မင်းကို ရောဂါပိုး ကူးစက်နိုင်တယ်... ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်ကတဆင့် သန္ဓေသားကို ကူးစက်နိုင်တယ်... သန္ဓေသားကို မကူးစက်နိုင်ဖို့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အရင်ဆုံး ဆွေးနွေးတိုင်ပင် သင့်တယ်... ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာမယ် ဆိုရင်တော့ သန္ဓေသားကိုတော့ မကူးစက်နိုင် ဘူးပေါ့... ”
“ဆည်းဆာ ဆိုလိုတဲ့ သဘောက သူ့မှာ ပိုးရှိလည်း ကိုယ်ယူသင့်တယ်ပေါ့”
“မဟုတ်သေးဘူး သူငယ်ချင်း ယူတယ် မယူဘူးဆိုတာ မင်းဘ၀နဲ့ ဆိုင်လို့ မင်းဆုံးဖြတ်ရမှာ... ဒီရောဂါရှိလို့ ကိုယ့်ကို ကူးမှာကြောက်လို့ လက်မထပ်ဘူးဆိုတာ မဖြစ်ရအောင် မင်းကို မကူးစက်အောင် နေနိုင်တဲ့ နည်းလမ်းတွေ မင်းကို ပြောပြတာ... ရောဂါပိုးရှိနေတဲ့ ဝေဒနာရှင်တယောက်ကို ၀ိုင်းပြီး မပစ်ပယ်ထား သင့်ဘူး... သူ့စိတ်ဓာတ်တွေ ပုံမှန်အတိုင်း တက်တက်ကြွကြွနဲ့ လုပ်ဆောင်နိုင်အောင် ဖေးမသင့်တယ်... ကိုယ်လည်း ဆောင်ရန်၊ ရှောင်ရန်တွေ သိထားပြီးပြီဘဲ...”
“အင်း... မင်းဆီ ကိုယ်လာခဲ့တာ မှန်သွားပီ ဆည်းဆာ... ကိုယ်လည်းသွေးစစ်မယ်... ပြီးတော့ ကိုယ်သူ့ကိုလည်း မင်းပြောပြသလို ပြောပြပြီး သွေးစစ်ဖို့ မင်းဆီခေါ်လာခဲ့မယ်...”
“ကဲ စကားပြောနေလိုက်တာ ၁နာရီတောင်ထိုးနေပြီ ကိုယ်တို့ ထမင်းစားကြရအောင် ဗိုက်လည်း ဆာလာ ပြီကွ... တအောင့်တနား နားပြုပြီး ညနေလောက် ကိုယ့်အသိဆေးခန်းမှာ သွေးစစ်ဖို့ ကိုယ်လိုက်ပို့ပေးမယ်... ဒီနေ့တော့ အိမ်မှာပဲ အိပ်လိုက်ကွာ... ကိုယ်တို့တွေ မတွေ့တာ ကြာပြီဆိုတော့ စကားလည်း အေးဆေး ပြောရအောင်”
“အင်း... ပြာလဲ့ ဒီမှာ ညအိပ်မယ်လေ”
“ကဲ...စကားတွေ ဒီမှာရပ်၊ အစားစားဖို့ သွားလိုက်ကြစို့”
သူငယ်ချင်းနှစ်ယောက် ထမင်းလက်စုံစားရင်း စကားတွေ ဖောင်ဖွဲ့လို့ ပြာလဲ့အတွက် ထမင်းမှိန်တယ် ထင်ပါရဲ့ သူအတော်လေး စားဖြစ်တယ်... ကျွန်မသူ့ကို ကြည့်ပြီး စိတ်ထဲ ၀မ်းသာ ကြည်နူးမိပါတယ်...

ဆက်ရန်
စာဖတ်သူများအားလုံးကို အစဉ်လေးစားလျက် ကြိုးစားပါဦးမည်....

2 comments:

flowerworld said...

ဆက်ရန်ကိုမျှော်နေတယ်နော်ညီမလေး ဗဟုသုတရတာပေါ့

Anonymous said...

ကုန်ပြီရှိတော့ဘူး...ဆိုတာကြီးကို မုန်းတယ်...
:P