Pages

Thursday, December 4, 2008

ဗီးနပ်စ်၊ ဂျူပီတာ၊ လ

အမှတ်မထင် ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အချိန်မှာ ကောင်းကင်မှာ ပြုံးနေတဲ့ smiley ပုံလေးတပုံ ပေါ်နေပါတယ်... အဲဒါတွေကတော့ မောင်လမင်းရယ်၊ မောင်ဂျူပီတာ ကြာသပတေးသားရယ်၊ မောင်ဗီးနပ်စ်ခေါ် သောကြာသားရယ် ပေါင်းစုံပြီး အပြုံးတစ်ပွင့် ဖန်ဆင်းပေးထားတာပါ... မီးလေးအမြင်ကတော့ အရမ်းကို လှပပြီး ကြည်နူးဖို့ကောင်းတဲ့ ညလေးတည ပိုင်ဆိုင်ရသလိုပါဘဲ... နားလည်တတ်ကျွမ်းတဲ့ လူကြီးတွေကတော့ နိမိတ်မကောင်းဘူးလို့ ပြောကြပါတယ်... ဒါပေမဲ့ သိပ်လှလွန်းလို့ ရိုက်ထားတဲ့ ဓာတ်ပုံလေး တင်ပေးလိုက်ပါတယ်နော်...


1 comment:

လင်းလက်ကြယ်စင် said...

အဲဒီညက မေ့နေလို့ မကြည့်လိုက်ဖြစ်ဘူး။ သူများတွေရိုက်ထားတဲ့ ဓာတ်ပုံကိုကြည့်မှ တော်တော်လေး လှတာ သိတော့တယ်။ ပုံတင်ပေးတာ ကျေးဇူးနော် မမီးလေးရေ။ ဒီလိုလှတာလေးကို လူကြီးတွေက နမိတ်မကောင်းဘူးတဲ့လား။ နားမလည်လို့ ဘာမှ မပြောတော့ပါဘူး။ နမိတ်မကောင်းဘူးဆို .. ဘယ်လိုမကောင်းတာလည်းတော့ စပ်စုချင်သေးတယ် :P ။