ဒါလေးက ဗဟန်းသုံးလမ်းအ၀ိုင်းထိပ်က Signature restaurant က စင်္ကာပူစတိုင် ခေါက်ဆွဲ၊ ကြာဇံကြော်ပါရှင့်... ခေါက်ဆွဲ၊ ကြာဇံကြော်ကို ၀က်သားနဲ့ ရောကြော်ထားပြီး အပြင်က ဘဲဥကြော်လို့ ဘေးမှာ တြိဂံပုံစံလေး ပုံဖော်ထားပြီး အလယ်မှာ ပုဇွန်၊ ကင်းမှိုနဲ့ ပြင်ဆင်ထားပါတယ်... မြိန်ရည်ရှက်ရည် သုံးဆောင်ကြပါနော်...

ဒီတမျိုးကလည်း Signature က ကြက်ကြော်ပါ...

စားရတာ အီသွားရင် သောက်ဖို့ သံပုရာရည်...

ကော်ကော်သောက်ချင်သူများအတွက် ကော်ကော်လည်း သုံးဆောင်သွားကြပါဦးရှင့်...

အချိန်ပေးပြီး လာပေးကြလို့ အားလုံးကို ကျေးဇူးတင်ပါတယ်...
5 comments:
မဖိတ်လည်း အရောက်လာပါတယ်။
http://winzaw-mdy.blogspot.com/
မီးလေးရေရောက်လာတယ်ဟေ့... နောက်ကျသွားတယ်ကွာ မနေ့ကနားရက်ဆိုတော့အိမ်မှာမနေဘူးလေ လျှောက်သွားနေတာ..ဟိဟိ ခုပဲထမင်းစားပြီးတယ်ကွာကြာဆံကြော်တော့စားမနိုင်တော့ဘူး
ကော်ကော်ပဲသောက်သွားတော့မယ်....
အဟဲ..လက်ဆောင်ပါလာဘူးဟာ..နောက်မှနော်
အကြွေးမှတ်ထား...သူဌေးဆိုတာအကြွေးနဲ့မကင်းရဘူးတဲ့..ဟိဟိ
ဗဟန်းသုံးလမ်းအ၀ိုင်းထိပ်ကဆိုင်လား
တကယ်သွားချားလို့ရမလားဟင် အဟိဟိ
အိမ်သစ်လေးက ချစ်ဖို့ကောင်းတယ် home sweet home n blog sweet blog naw sis
ဘီယာလေးပါရင်
ကောင်းမှာပဲ
သံပရာရည်ဘဲ သုံးခွက်
သောက်တွားလယ်
(အဟီး..ချဉ်လို့
စကားတောင်ပီတော့ဝူး..)
ဝါးတီးလာဆွဲသွားတယ်။ပြန်ဖြည့်လိုက်ဦး။
Post a Comment