ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း
"မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ
"လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။
ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ 
ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်"
တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့
အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊
အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅
ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်
မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ
လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။
သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။
ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့
လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။
ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ
အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို
မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး
ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ
ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက
အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို
အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု
ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့
ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ
ချီးမြှင့်ကြတယ်။
ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။
ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင်သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။
ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့
ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး
စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် …
ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့
ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက်
အားလုံးက စောင့်မျှော်နေဆဲပါ ..။
ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို
ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက်
ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ
ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။
Wednesday, February 6, 2008
နေဘုန်းလတ်သို့ ….
Saturday, February 2, 2008
စကားနှစ်ခွန်းမပြောတတ်ပါ...
ရုံးတရုံး၌ ၀န်ထမ်းသစ်တဦးအား ၀န်ထမ်းဟောင်းမှ မှာကြားနေသည်မှာ -
ဝန်ထမ်းဟောင်း - ငါတို့အထက်အရိရှာ ဂျာကြီးက အပေါက်လည်း စိုးတရ်။ တအားလည်း ဆူတရ် ကြည့်သာနေ မင်းက လူသစ်မို့ပြောပြတာ သူ့မျက်စိကျအောင် နေရင်နေ မနေလို့ကတော့ မင်းဒီအလုပ်မှာ မြဲလိမ့်မယ် မထင်နဲ့
ဝန်ထမ်းသစ် - ခုလိုပြောပြတာ ကျေးဇူးတင်တယ်ဗျာ နို့မဟုတ်ရင် ခက်ခက်ခဲခဲရထားတဲ့အလုပ် ပြုတ်သွားရင် ဒုက္ခရောက်မှာဗျ..
တီ…တောင်…
ဝန်ထမ်းဟောင်း - ဂျာကြီးအခန်းကခေါ်နေပြီ မြန်မြန်လာကွ
မန်နေဂျာ - ငါပြောထားတဲ့ လုပ်ငန်းစဉ်အကြောင်းတွေ ပြောထားပြီးပြီလား
ဝန်ထမ်းဟောင်း - ဟုတ်ကဲ့ ပြောပြီးပါပြီ ဂျာကြီး… ဂျာကြီး ဘယ်လိုတော်ကြောင်း၊ သဘောကောင်းကြောင်း၊ စိတ် စိတ်
မန်နေဂျာ - တော်..တော်..တော် မင်းတို့လုပ်စရာရှိတာ သွားလုပ်တော့
“ဟုတ်ကဲ့ ဂျာကြီး”
ဝန်ထမ်းသစ် - ခုနက ပြောတုန်းကနဲ့ ဂျာကြီးရှေ့မှာ ပြောတာနဲ့ တူလည်း မတူဘူး…
ဝန်ထမ်းဟောင်း - ငါက စကားတခွန်းကို နှစ်ခါထပ်မပြောတတ်ဘူးကွ
Labels:
ဟာသ
Friday, January 25, 2008
Hello...Mielay
“ကလင်... ကလင်... ကလင်...”
သူများတွေ အိပ်နေတဲ့ဟာကို တော်တော်အနှောင့်အယှက်ပေးတဲ့ဖုန်း... ဟွန့်
“ဟဲလို”
“မီးလေးရှိလား”
“ရှိဘူး... ဘာပြောပေးရမလဲ”
“မီးလေးနဲ့တိုင်ပင်စရာရှိလို့.. ရတယ် နောက်မှ ထပ်ဆက်လိုက်မယ်”
“ပြောစရာရှိရင် ပြောလေ မီးလေးက တို့အကြံပေးတာ လိုက်လုပ်နေတာ”
“ခုပြောနေတာ ဘယ်သူလဲ”
“Hello...Mielay”
“ခုပြောနေတာ ဘယ်သူလဲ”
“Hello...Mielayပါဆို၊ ပြောမှာလား မပြောဘူးလား၊ မပြောရင် ဖုန်းချလိုက်တော့မယ်”
“ပြောမယ်...ပြောမယ်...ဖုန်းတော့မချလိုက်ပါနဲ့ Hello...Mielayရယ်”
“ကဲ...ဒါဆိုလဲပြော”
“ကျွန်မက မေလေးပါ... ရည်းစားနဲ့ ခုကွဲမလိုဖြစ်နေကြပြီ။ ဟင့် ဟင့်... ခုတောင် မီးလေးက ဖြေရှင်း ပေးနိုင်တယ်ပြောလို့ ဆက်လိုက်တာပါ”
“လုပ်ပြန်ပြီ Hello...Mielay ပါဆို မပူစမ်းပါနဲ့... Hello...Mielay နဲ့တွေ့လို့က ပြဿနာအားလုံး..”
“ပြေလည်သွားရောလားဟင်”
“စကားကို ဆုံးအောင်နားမထောင်ဘူး... ပြဿနာအားလုံးလျှော်(အသက်... ဟီ...ဟိ)လို့ ပြောမလို့”
“ရှင်...”
“သြော်... အကုန်လုံး လျှောခနဲဆို ပျောက်သွားတာကိုပြောတာ”
“အော်...အော်”
“ဆက်ပေါ..အဲလေ ဆက်ပြော”
“သူကလေ နောက်တယောက်နဲ့တွေ့နေတယ် ဘယ်လိုလုပ်ရမလဲ ပြောပါဦး”
“ဒါများ လွယ်လွယ်လေး”
“လုပ်ပါဦး ကျေးဇူးရှင်လေးရယ်”
“သူက တယောက်နဲ့တွဲရင် ကိုယ်က နှစ်ယောက်နဲ့ပြန်တွဲပြလိုက်ပေါ့”
“သူနဲ့ကျွန်မ ပြန်အဆင်ပြေသွားရောလား ဟင်”
“ဟင့်အင်း... တခါတည်း ပြတ်ရော”
“အန်င်”
“ဒါများမပူနဲ့ နှစ်ယောက်တောင်တွဲတာ တယောက်ယူလိုက်ပေါ့... ဆိုရိုးတောင်ရှိသေး ရည်းစားတထောင် လင်ကောင်းတယောက်တဲ့”
“တော်ပါသေးရဲ့ ယူပြီးမှ ဖောက်ပြန်နေရင် ဘယ်လိုလုပ်မလဲ စောစောသိလိုက်ရတာလည်း ကောင်းပါတယ်”
“အိမ်ထောင်ကျပြီးမှသိလည်း နောက်မကျပါဘူး ဟိုဆိုရိုးလေ ဘာလဲ တပင်လဲမူ တပင်ထူတဲ့ နောက်တော့ One go Two comeလေ မယုံရင် ကျွန်တော့်ရဲ့ထွက်ပေါက်က အကိုတော်ကိုမေးကြည့်”
“အော် ဟုတ်ကဲ့... ဟုတ်ကဲ့”
“ဘာသိချင်သေးလဲ”
“သူပြန်လာရင်ဘယ်လိုလုပ်ရမလဲ ဆက်ပြီးလက်တွဲသင့်/မသင့်လား ဖြေပေးပါဦး Hello...Mielay (မီးခဏခဏပျက်လို့ မီးခြစ် ခြစ်နေကျ) ဟွန့်”
“အင်းပေါ့လေ... ဒါဆိုလည်း Hello...Mielayပြောသလို ရည်းစားသစ်ပဲထပ်ရှာတော့မယ်”
နောက်တပတ်အကြာမှာတော့
ကလင်...ကလင်...ကလင်
“ဟဲလို”
“Hello...Mielayရှိလား”
“ပြောနေပါတရ်”
“တို့က ဟိုတပတ်က ဖုန်းဆက်ပြီး အကူအညီတောင်းတဲ့ မေလေးပါ”
“အော် သိပြီ... ဒါနဲ့ ဘာကိစ္စတုန်း”
“ခုကျွန်မသိသွားပြီ”
“ဘာသိသွားတာလဲ ရှင်းရှင်းလင်းလင်းပြောစမ်းပါ”
“ခုမေလေးမှာ Hello...Mielayပြောလို့ ချစ်သူသစ်ရသွားပြီ... ခုမှပဲ ဟိုသေနာကောင်ကို တကယ်မချစ်ဖူး ဆိုတာ သိတော့တယ်... ခုမေလေးအသစ်ရထားတဲ့ကောင်လေးကိုမှ တကယ်ချစ်သွားတာ... Hello...Mielay ကျေးဇူးနော်”
ခွပ်
“ဟိုက်... ရှာလကာရည်(ဂုရုကြီးလေသံအတုခိုးထားတာ ဟိ) လောက... လောက တော်တော် မလွယ်တာပဲ လွန်ခဲ့တဲ့ ရက်ကပဲ သူ့ကောင်လေးမှ မချစ်တော့ရင်ပဲ သေတော့မလိုလို ခုများကြတော့.... တော်သေးတယ် လောကဆိုပြီး နှစ်လုံးထဲရှိပေလို့ လူတွေများ လောလောပြီး ကနေလိုက်တာ နှစ်လုံးထက်များသာ ပိုရင်တော့ မတွေးဝံ့စရာပါလား”
စာဖတ်သူတို့လည်း ပြဿနာဖြစ်ရင် Hello...Mielayဆီ ဆက်သွယ်လိုက်နော်... ပြဿနာအားလုံး လျှောသွားမယ်.... အရောက်ပို့ပေးမှာ(ရေဝေးသို့မဟုတ်ထိန်ပင်) အဲလေ... ပြဿနာရှင်းသွားသည်အထိ ပြောတာပါ တမျိုးမထင်ပါနဲ့ ဟီ ဟိ
ပြုံးပျော်နိုင်ကြပါစေ...
Labels:
ဟာသ
Monday, January 21, 2008
သွားရည်ကြကျမရ်...
ကိုအောင်မျိုးဟန်က Summit Park View မှာ စားလာတာတွေ ကျွေးဖို့ တောင်းဆိုလာလို့ အားလုံးစားရအောင် တင်ပေးလိုက်ပါတရ်နော်... ကျွေးဖို့အစီအစဉ်ကရှိပြီးသားပါ မီးလေးပျင်းနေတာရယ်၊ မအားတာရယ်ကြောင့် မတင်ဖြစ်သေးတာ အကိုတော်ကြီးက Chattingမှာ တနင်္လာနေ့ကျရင်ကျွေးဆိုလို့ အမိအရ တင်ပေးလိုက်ပါတရ်...
ဒါက ထောပတ်ထမင်းနဲ့ ကော်ရည်ဟင်းချို သင်တန်းဒုတိယရက်မှာ ကျွေးတာပေါ့...![]()
နည်းနည်းတော့ မှောင်သွားတရ်... အရိုးမပါလို့ စားလို့ရမယ်ထင်ပါ့...လာမယ်နောက်တမျိုး။ ဒါက မဆလာမွှေးမွှေးလေးနဲ့ချက်ထားတဲ့ ကြာက်သားဟင်း....တတိယရက်မှာက မြန်မာအစားအစာ ကျွေးတယ်ဗျ... သင်တန်း၅ရက်မှာ အစားကောင်းဆုံးနေ့ပဲ...
ခရမ်းသီးချက်နဲ့ တို့စရာ၊ ဂေါ်ဖီပန်းပွင့် ကြက်သား၊ ဆိတ်သား...
နောက်ဆုံးနေ့က က တရုတ်အစားအစာ ဟီး သူများတွေ သွားရည်ကျအောင်လုပ်နေတာ.....
Labels:
စားသောက်ဖွယ်ရာ
တလွဲတချော်အလွဲများ
အမျိုးသမီးတဦး ကလေးနေမကောင်းလို့ စိတ်သောကရောက်နေပုံပဲ... ကလေးကလည်း နေမကောင်းတာ သုံးရက်ရှိပြီ... ညဘက်ဆိုလည်း အဖျားတွေတက်ပြီး ကယောင်ကတမ်းဖြစ်နေတော့ မိခင်ခင်ဗျာ အတော်စိတ်ပူ နေရှာတာပေါ့...
ထိုအချိန်မှာပဲ “မေမေရေ မေမေ... ဟိုမယ် ကြောင်အိမ်ကြီး ကြောင်အိမ်ကြီး ထမင်းတွေစားနေပြီ” လက်ညှိုးထိုးပြီး ပြောနေတဲ့ ကလေးကိုကြည့်ပြီး မိခင်မှာ တော်တော်စိုးရိမ်သွားတရ်... မျက်လုံးတွေမှာ ဘာတွေမကောင်းတာ မြင်နေလို့ ခုလိုလျှောက်အော်နေတာလည်းပေါ့...
“မေမေ ဟိုမယ် ကြောင်အိမ်ထမင်းစားနေတယ် ဘာလို့ မမောင်းတာလဲ”ထပ်ပြောပြန်တော့ မိခင်လည်း သူလက်ညှိုးညွှန်ရာ ဘုရားစင်ကို မကြည့်ရဲ ကြည့်ရဲနှင့် ကြည့်လိုက်ပါတော့တယ်... စာဖတ်သူတို့ ဘာတွေ့မယ် ထင်လဲ? စာဖတ်သူတို့ထင်တာနဲ့တူမယ်ထင်ပါတရ်... မှန်းကြည့်ပြီးရင်ဆက်ဖတ်နော်...
ဘုရားစင်မှာ ဆွမ်းတော်တင်ထားတဲ့ ထမင်းကို စားနေတာကတော့ ကိုအိမ်မြှောင်ပါပဲ... အပီအပြင်ကို ဆွဲနေတော့တာပဲ... “ဘယ်မှာလဲ ကြောင်အိမ်”လို့ မိခင်က ရှက်ဒေါသနဲ့ မေးလိုက်တော့ “အော် မေမေကလည်း အဲမှာလေ ကြောင်အိမ်”တဲ့ ကောင်းရော...
ရီမောခြင်းဖြင့် အသက်ရှည်ကြပါစေ...
Labels:
ဟာသ
Wednesday, January 16, 2008
မီးလေးနဲ့ ကောင်ဆယ်လာသင်တန်း
မီးလေးခုတလော MSIMကနေ ဦးစီးပြီး စီစဉ်တဲ့ Basic Counselling Training ကို Summit Parkview Hotelမှာ တက်ရောက်ခဲ့ပါတရ်... ကိုစိုးထက်ပြောသလို အမဲဆီတွေ မပေ,ပေမဲ့ ချွတ်မရတဲ့ အစွန်းတော့ ပေလာတရ်ဗျို့... အဲဒါကတော့ သံယောဇဉ်ပါပဲ... ငါးရက်တာ သင်တန်းတက်ခဲ့ရပေမဲ့ ပြည်နယ်နှင့်တိုင်း အသီးသီးက လာကြတဲ့သူတွေနဲ့ ရင်းနှီးခင်မင်ခွင့်ရတာ ၀မ်းသာမဆုံးပါဘူး... ခင်မင်ခြင်းအစ ခွဲခွာခြင်းက,ဆိုတဲ့အတိုင်း နောက်ဆုံးရက် ပြန်လာတဲ့ ခြေလှမ်းတွေက လေးလံလို့ နေပါတော့တယ်... အရင်ရက်ကဆို နောက်နေ့တွေ့ရမှာပဲဆိုတဲ့ အသိနဲ့ တက်ကြွနေခဲ့ပါတရ်...သူငယ်ချင်းတွေအများစုက အင်တာဗျူးအဆင့်ဆင့်ဖြေပီးမှ Counsellorလုပ်ဖို့ အရွေးခံရပြီး တက်ရောက်ခွင့် ရခဲ့ကြတာပါ... စာရေးသူတို့ကတော့ လုပ်ငန်းအရ လိုအပ်လို့ သွားရောက်တက်ခွင့်ကြုံခဲ့ရပါတရ်... MSIM ဆိုတာ NGOအဖွဲ့တခုပါပဲ... မန္တလေးက ၅ဦး၊ သထုံက ၂ဦး၊ မြင်းခြံ ၁ဦး၊ ပြည် ၁ဦး၊ မွန်အမျိုးသမီးရေးရာမှ ၃ဦး၊ မော်လမြိုင် ၁ဦး၊ ပဲခူး ၁ဦး၊ ရန်ကုန်မှ စာရေးသူတို့အပါအ၀င် ၇ဦး စသည့်ဖြင့် သင်တန်းသား/သူ ၂၈ဦး တက်ရောက်ခဲ့ကြပါတရ်... သင်တန်းပြီးလို့ပြန်ရင် ဒေသအသီးသီးမှာရှိတဲ့ MSIM စင်တာတွေမှာ ဆရာ/မတွေ ဖြစ်ကြတော့မရ်...
တကယ်လက်တွေ့လုပ်ကြည့်မှ ကောင်ဆယ်လာတဦးမှာ ထားရမယ့်စံတွေ၊ နှုတ်လုံဖို့တွေ အဓိကက စိတ်ရင်း စေတနာကောင်းမှသာ ကောင်ဆယ်လာတယောက် ဖြစ်နိုင်တရ်ဆိုတာ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပါတရ်... ကောင်ဆယ်လင်းနဲ့ ပတ်သက်လို့လည်း ဗဟုသုတတွေ အများကြီးလည်းရခဲ့ပါတရ်... သင်တန်းရဲ့ အဓိက ကောင်ဆယ်လင်းက HIV/AIDS ဝေဒနာသည်တွေ သူ့ပတ်ဝန်းကျင်မှာ ဘယ်လိုပြုမူနေထိုင်သင့်တရ်၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်မရ်ဆိုရင် သက်တန်းစေ့နေနိုင်မယ်စတဲ့ အသိပညာ အတွေးအခေါ်တွေနဲ့ ကိုယ်တိုင်ဆုံးဖြတ်သုံးသပ်ပြီး ဘ၀ကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်အောင် နှစ်သိမ့်ဆွေးနွေးပေးဖို့ပဲ ဖြစ်ပါတရ်...
စာဖတ်သူတွေအနေနဲ့လည်း မိမိတို့ ပတ်ဝန်းကျင်မှာ HIVနဲ့ပတ်သက်လို့ အကူအညီလိုအပ်နေတဲ့သူတွေ၊ ကိုယ့်ကိုယ်ကို ပိုးရှိ/ မရှိ သံသယရှိနေတဲ့သူတွေ သွေးစစ်ချင်တရ်ဆိုရင် မာရီစတုပ်(စ်)အင်တာနေရှင်နယ် (MSIM)မှာ သွေးစစ်လို့ရပါတရ် ဆိုတဲ့အကြောင်း လက်ဆင့်ကမ်းပေးကြပါနော်... သူကဘာအားသာလဲဆိုရင် သွေးမစစ်ခင် ကောင်ဆယ်လာနဲ့တွေ့ပြီး နှစ်သိမ့်ဆွေးနွေးမှုတွေ အရင်လုပ်ပေးတရ်... ပြီးမှ သွေးစစ်တရ်... သွေးစစ်လို့ ရလာတဲ့ရလဒ်ပေါ်မှာ ခံနိုင်ရည်ရှိအောင် ကောင်ဆယ်လာနဲ့ပြန်တွေ့ပြီး ကာယကံရှင်က ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားပြီးပြီဆိုမှ အဖြေကို ဖောက်ကြည့်ရပါတရ်... ကောင်ဆယ်လာနဲ့ဆွေးနွေးတဲ့ အကြောင်းအရာတွေကိုလည်း ကောင်ဆယ်လာဘက်က လုံးဝမပေါက်ကြားစေရပါဘူး... ပြီးတော့ ကာယကံရှင် စိတ်ချယုံကြည်မှုရှိအောင် နံမည်၊ အသက်၊ နေရပ်လိပ်စာယူထားခြင်းမရှိဘဲ ကုဒ်နဲ့သာ မှတ်ထားပေးပါတရ်...
မာရီစတုပ်(စ်)အင်တာနေရှင်နယ် (MSIM)က VCCT Project အနေနဲ့ ဂျူလိုင်လ ၃၀ရက်နေ့မှာ ပြီးမှာ ဖြစ်ပါတရ်... သွေးစစ်တဲ့အခါ သွေးစစ်ခကိုလည်း အပြင်မှာ လေးငါးခြောက်ထောင်ပေးမှ စစ်ရတာကို အလှူငွေ ထည့်ရုံနဲ့ HIVပိုးစစ်လို့ရတရ်... အလှူငွေကောက်ခံရခြင်း အကြောင်းကလည်း NGOအဖွဲ့အစည်း တော်တော်များများဟာ Forgeinerတွေများပါတရ်... MSIMရဲ့ ထူးခြားချက်က မြန်မာစစ်စစ်ပဲဖြစ်ပါတရ်... ခုချိန်မှာ ထောက်ပံ့ပေးတဲ့ ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေရှိကြပေမဲ့ နောင်တချိန် အလှူရှင်တွေ မရှိတော့ရင် အသင်းကြီး ဆက်လက်ရပ်တည်နိုင်အောင် ကောက်ခံရခြင်းပဲဖြစ်ပါတရ်...
၅ရက်အတွင်း ပီပီပြင်ပြင်နဲ့ ပုံဖော်ပေးတဲ့ သင်တန်းဆရာမ ဒေါက်တာ အေးမြတ်လွင်ကို၎င်း၊ မာရီစတုပ် Programming Director ဒေါက်တာ စစ်နိုင်ကို၎င်း၊ သင်တန်းတက်ရောက်နိုင်အောင် တိုက်တွန်းပေးတဲ့ မာရီစတုပ်မှ စီမံခန့်ခွဲမှုမန်နေဂျာ ဒေါက်တာ ခင်ခင်စိုးကို၎င်း၊ မီးလေးတို့ကို တက်ရောက်ခွင့်ပေးတဲ့ မီးလေးတို့ရဲ့ အလုပ်ရှင်ကို၎င်း ကျေးဇူးအထူးတင်ရှိပါတရ်...
မာရီစတုပ်(စ်)အင်တာနေရှင်နယ် (MSIM)စင်တာတွေက-
ရန်ကုန်တိုင်း
- ရုံးချုပ် - အမှတ် ၅၂၄/၁၀၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဆရာစံရပ်ကွက်၊ ဗဟန်း။
၅၄၄၄၂၃၊ ၇၀၅၆၅၇၊ ၄၄၁၂၄၀၉
- သာကေတ - အမှတ် ၃၇၊ ဇမ္ဗူသီရိ ၂လမ်း၊ ၆ အနောက်ရပ်ကွက်၊ သာကေတ။
၅၅၃၂၉၅
- သင်္ဃန်းကျွန်း - အမှတ် ၁၁၉၊ ပြည်တော်အေးလမ်း၊ လေးထောင့်ကန်ရပ်ကွက်၊ သင်္ဃန်းကျွန်း။
၇၀၇၃၂၁
မန္တလေးတိုင်း
- ပြည်ကြီးတံခွန် - အကွက်အမှတ် ၅၉၄၊ ဈေးတန်းရပ်၊ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီး၊ တံခွန်တိုင်ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်။
၀၂-၅၄၇၈၃၊ ၅၄၆၅၀
- မဟာအောင်မြေ - ဆ/၄၀၊ ၈၁လမ်းနှင့် ၈၂လမ်းကြား၊ ၃၈လမ်း၊ မဟာအောင်မြေမြို့နယ်။
တဆင့် ၀၂-၇၁၂၁၇
- ချမ်းမြသာစည် - အခန်းအမှတ် ၇၊ အကွက် ဈ-၇၊ လမ်း၆၀နှင့် မနော်ဟရီလမ်းထောင့်၊ နဒီပန်းခြံရပ်၊ ချမ်းမြသာစည်မြို့နယ်။
တဆင့် ၀၂-၈၀၉၀၄၊ ၈၀၈၇၂
- ချမ်းအေးသာစံ - အခန်းအမှတ် ၂၀၊ အောက်ကမ်းနားပတ်လမ်း၊ နေ၀င်းဆောက်လုပ်ရေး၊ ၂၆-၂၈လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်။
၀၉ ၂၀၂၀၉၇၀
- အောင်မြေသာဇံ - အမှတ် ၁၉၇/၁၉၊ ၂၄လမ်းနှင့် ၈၉လမ်းထောင့်၊ အောင်မြေသာဇံမြို့နယ်။
တဆင့် ၀၂-၇၂၁၀၀၊ ၃၃၆၆၃
- မြင်းခြံ - အမှတ် ၂၃၇(က)၊ ၂လမ်း၊ ၂ရပ်ကွက်၊ မြင်းခြံမြို့။
၀၆၆-၂၁၂၂၈
ဧရာဝတီတိုင်း
- ပုသိမ် - အမှတ် ၁၂၈၈၊ မဟာစေတီလမ်း၊ ရ-ယ-က ၅၊ ပုသိမ်မြို့။
တဆင့် ၀၄၂-၂၄၅၃၁၊ ၂၅၅၃၂
ပဲခူးတိုင်း
- ပဲခူး - အမှတ် ၁၂၁၊ တပင်ရွှေထီးလမ်း၊ ရုံးကြီးရပ်ကွက်၊ ပဲခူးမြို့နယ်။
၀၅၂-၂၃၉၂၉- ပြည် - အမှတ် ၂၈၊ ဗိုလ်ချူပ်လမ်းနှင့် ဦးဝင်းမြစက်လမ်းထောင့်၊ ရွာဘဲရပ်၊ ပြည်မြို့။- မော်လမြိုင် - အမှတ် ၂၅၊ တရုတ်တန်းလမ်း၊ အောက်ကျင်းရပ်ကွက်၊ မော်လမြိုင်မြို့။
၀၅၃-၂၄၄၉၅မွန်ပြည်နယ်
- သထုံ - အမှတ် ၁၁၊ မင်းလမ်း၊ မင်းတန်းမူလတန်းကျောင်းရှေ့၊ အောက်ကျင်းရပ်ကွက်၊ သထုံမြို့။
တဆင့် ၀၅၇-၄၀၃၁၀
တဆင့် ၀၅၇-၂၅၅၆၈
Labels:
ဆောင်းပါး
Saturday, January 12, 2008
မရှိဘူး
မီးလေးခုတလော ပျောက်ဆို WorkshopွှTraining တခုတက်နေရလို့ဗျို့...
မီးလေးဆီလာလည်ကြတဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတရ်... မီးလေး ၁၆ရက်နေ့မှ အားမှာဆိုတော့ အတိုးနဲ့ အဲနေ့ကျမှ သူငယ်ချင်းတွေဆီ လာလည်တော့မယ်နော်... သင်တန်းက အတွေ့အကြုံတွေလည်း ပြောပြမယ်...
မမနှင်းဆီနီနီက ဟာသမမြင်ရပါလားဆိုလို့ မအားတဲ့ကြားက အပြေးအလွှားလာတင်ပေး ထားပါတယ်... ဆက်ဖတ်နော်...
ဆိုင်တဆိုင်ထဲသို့ ၀ယ်သူတဦး ၀င်လာလေသည်။
ဝယ်သူ။ ။ ဂေါ်ပြားရှိလား
ရောင်းသူ ။ ။ မရှိဘူး
ဝယ်သူ။ ။ ပေါက်တူးကော ရှိလား
ရောင်းသူ။ ။ပေါက်တူး မရှိဘူး
ဝယ်သူ။ ။ အိမ်ရိုက်သံကော
ရောင်းသူ။ ။မရှိဘူး
ဝယ်သူ။ ။ ဒါဖြင့် ဘာလို့ဆိုင်ဖွင့်ထားသေးလဲ
ရောင်းသူ။ ။ဆိုင်ပိတ်ဖို့ သော့မရှိလို့ဗျ
Labels:
ဟာသ
Monday, January 7, 2008
မိုးချစ်သူသို့လက်ဆောင်....
မိုးရွာတိုင်းမှာ သတိရနေမယ့် မိုးချစ်သူရဲ့ နှုတ်ဆက်ခြင်းအတွက် လက်ဆောင်ပေးချင်လို့ ဒီကဗျာလေးကို ရေးဖြစ်တာပါ... ကဗျာမရေးတတ်တော့ ကာရံမညီခဲ့ရင် ခွင့်လွတ်ကြပါနော်... မိုးချစ်သူတယောက် ဘလော့ဂ်အိမ်ယာလေးကို ပြန်လာနိုင်ဖို့ မျှော်လင့်ပါတရ်... ပြန်လာခဲ့ရင်လည်း အားလုံးက နွေးထွေးစွာ ကြိုဆိုကြမှာပါ....အမှတ်မထင်
ရင်းနှီးကျွမ်းဝင်ကြတဲ့
သူငယ်ချင်းများစွာ...
နက်လှိုင်းပေါ်မှာ
ဟိုဒီလျှောက်သွား
မအားရပါ...
အားငယ်နေက
အားပေးကြဖို့ အသင့်ရှိကြတဲ့
သူငယ်ချင်းများစွာ...
တဦးကိုတဦး
လက်တွဲကူလို့
ခင်မင်ကြတာ...
ကံကြမ္မာက
မုန်တိုင်းပမာ
ခွဲရက်လိုက်တာ...
ထိုကာလများ
ပြန်ရချင်ငြား
မရတော့ပါ....
တယောက်သွားသော်
တယောက်ပေါ်
ပေါ်ပြန်သော်ငြား
မေ့မရပါ
သူငယ်ချင်းများစွာ...
တွေ့ဆုံခြင်းက
ခွဲခွာဖို့ဆို
မဆုံပါနဲ့လား ကံကြမ္မာ...
ပြန်လည်ဆုံဆည်းဖို့ရာ
မျှော်လင့်လျက်ပါ
သူငယ်ချင်းရာ...
နွေးထွေးလက်များ
လက်ကမ်းကြိုမှာ
မင်းယုံပါ...
Labels:
Poems
Friday, January 4, 2008
အငြင်းဝါကျများ...
ဒီဇင်ဘာလထုတ် စရဏမဂ္ဂဇင်းထဲမှာ မောင်ခင်မှိုင်း၊ ချောက် ရေးသားထားတဲ့ ကဗျာလေးပါ.... မီးလေးကြိုက်တယ် ဆိုပါတော့... စာဖတ်သူများလည်း ဖတ်ပြီးရင်ဖတ်ပြီးကြမှာပါ မဖတ်ရသေးတဲ့သူတွေ ဖတ်ဖို့နဲ့ ဖတ်ပြီးသား လူတွေပြန်အမှတ်ရသွားအောင် တင်ပေးလိုက်တယ်နော်... ခေါင်းစဉ်လေးက
“အငြင်းဝါကျများ”
ရေစုန်မကြိုက်ဘူး
လှေကြုံမလိုက်ဘူး
ကိုယ့်ခွန်ကိုယ့်အားထက် စိတ်ချရတဲ့အရာ
ဒီကမ္ဘာမှာမရှိဘူး...
ဗေဒင်မလိုဘူး
ယတြာမလိုဘူး
လုံ့လ၀ီရိယထက် ယုံကြည်ရမယ့်အရာ
ဒီလောကမှာ မရှိဘူး...
မေခလာမမျှော်ဘူး
ဒေ၀တာမမျှော်ဘူး
မိမိကိုယ်ထက် အားကိုးရမယ့်အရာ
ဒီဇမ္ဗူမှာ ဘာမှမရှိဘူး...
ခြေဖျားမထောက်ဘူး
အောက်ခြေမလွတ်ဘူး
မမြဲတဲ့တရားထက် မြဲတဲ့အရာ
ဒီဒ္ဓန္နယာမှာ ဘာမှမရှိဘူး...
အာရုံမများဘူး
ကာမဂုဏ်မမှားဘူး
ကိုယ်ကျင့်တရားထက် ဦးညွှတ်ရမယ့်အရာ
ဒီဘ၀မှာ ဘာမှမရှိဘူး...
ပြီးတော့
ဆွမ်းသွတ်မခိုင်းဘူး
အမျှဝေမခိုင်းဘူး
သတိမြဲသူရဲ့ ဘ၀ကူးထက် ကတိမြဲတဲ့အရာ
ဒီသံသရာမှာ ဘာမှမရှိဘူး.....။ ။
အားလုံးပျော်ရွှင်ကြပါစေ...
Labels:
Poems
Subscribe to:
Posts (Atom)