HAPPY NEW YEAR!
နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကူးပြောင်းဖို့ အချိန်ကာလလေးမှာ ဘလော့ဂါမောင်နှမများ၊ သူငယ်ချင်းများနဲ့ အတူ နှစ်သစ်ကို ကူးပြောင်းကြဖို့ ညကျရင် ပါတီလည်းလုပ်ဖို့ စီစဉ်ထားပါတယ်။ အားလုံးလာခဲ့ကြနော်......
လကုန်ရက်ဖြစ်လို့ တဦးချင်းစီလိုက်မဖိတ်နိုင်တာပါ။ စိမ်းတယ်လို့ မထင်ကြပါနဲ့နော် အားရင်အားသလို တဦးချင်းဆီလည်း လာဖိတ်ပါ့မယ်။ အကိုတော်များကလည်း ပိုင်ရှင်ရှိတယ်ဆိုရင် ကြိုပြီးခွင့်တောင်းလာကြနော်။ တော်ကြာကိုစိုးထက်လို အမစိတ်ကောက်ဦးမယ်။ ခွင့်တောင်းလာသူအားလုံး မူးပြီးမှပြန်ကြနော်။ ခွင့်မတောင်းလာသူတွေကတော့ အချိုရေပဲသောက်။ ဂျေဂျေလို ဈေးကြီးတာ မတိုက်နိုင်ပေမဲ့ အမျိုးစုံအောင်တော့ သေချာပြင်ထားပါတယ်။ ဆက်ဆက်လာကြနော်....
Monday, December 31, 2007
New Year Party Invite
Subscribe to:
Post Comments (Atom)
2 comments:
အိုကေ သေချာပေါက် လာခဲ့မယ်။ အစား အသောက်တာ ပါပလေ့စေ။ ဟတ်ဟတ်။ နှစ်သစ်မှာ အသစ်အသစ်တွေနဲ့ ပျော်ရွှင်နိုင်ပါစေဗျာ။ အဟောင်းအဟောင်းတွေနဲ့လည်း အဆင်ပြေပါစေ။
ခွင့်တောင်းစရာ မလိုလို့ အမူးသောက်မယ်နော် ။ :) မနက်ဖြန် ထစရာ မလိုလို့။
Post a Comment