Facebook ပေါ်မှာ သင်္ကြန်တုန်းက သရုပ်ဆောင် မင်းသမီးတယောက်ရဲ့
ဝတ်စားဆင်ယင်ပုံနဲ့ ပတ်သက်လို့ တော်တော်လေး ပျံ့နှံ့ပြီး
ရှုံ့ချခဲ့ကြပါတယ်... ထိုသရုပ်ဆောင် မင်းသမီးကလည်း မျက်စိပိတ် နားပိတ်မှ
မဟုတ်တာ သူ့သတင်းတွေ ပျံ့နှံ့နေတာ သိမှာပါ... နောက်ဆုံး
ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းမှ ခေါ်ယူသတိပေးတယ်လို့ ဂျာနယ်
တစောင်မှာ ဖော်ပြထားတာ တွေ့ရပါတယ်... ပြန်စဉ်းစားသုံးသပ်ကြည့်ရင်
ထိုမင်းသမီးမှ မဟုတ်ပါဘူး တခြားအမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေဟာလည်း Facebook
ပေါ်မှာ ပလူပျံနေတာကို တွေ့ကြရမှာပါ... သရုပ်ပျက် အ၀တ်အစားနဲ့
အမျိုးသမီးတွေ တော်တော်များများရဲ့ ဓာတ်ပုံကို ဘယ်လို Message ပေးချင်လို့
တင်လည်း ကျွန်မနားမလည်ပါ... အဲ့ဒီဓာတ်ပုံတွေ တင်တဲ့သူရဲ့ ဆွေမျိုး
အသိုင်းအ၀ိုင်းထဲက အမျိုးသမီးတွေ အဲ့လိုများ ၀တ်စားထားရင် Facebook
ပေါ်တင်ကြမှာပါလား... ဒါမှမဟုတ် သူများက ရိုက်ပြီး ဒီလို Social Networking
Websiteဆိုဒ်တွေမှာ တင်ထားမယ်ဆို ဘယ်လိုခံစားရမလဲ
ကိုယ်ချင်းစာကြည့်စေချင်ပါတယ်... ကျွန်မ ကာယကံရှင်တွေအစား နာလို့
ဒီပို့စ်ကို ရေးရတာ မဟုတ်ဘူးဆိုတာ ပြောပြပါစေ... ဓာတ်ပုံရိုက်တဲ့သူက
သရုပ်ပျက်ဝတ်စားထားတာကို ရွေးပြီးရိုက်မယ်ဆိုရင် သရုပ်ပျက်အ၀တ်အစားနဲ့
ပျော်ပါးနေတဲ့သူတွေပဲ တွေ့မှာပါ... သင်္ကြန်မှာ သရုပ်ပျက်အ၀တ်အစား မ၀တ်ဘဲ
ပျော်ကြတဲ့သူတွေလည်း ရှိပါတယ်... အဲလိုပုံတွေကော ဘယ်ချောင်ရောက်နေသလဲ...
တရားစခန်းမှာ သင်္ကြန်တွင်း တရားဝင်ကြတဲ့ လူငယ်တွေ၊ ဥပုသ်သတင်းစောင့်တဲ့
လူငယ်တွေ၊ စတုဒီသာကျွေးတဲ့နေရာတွေမှာ ကူညီနေကြတဲ့ လူငယ်တွေ သွားကြည့်ပါ
ဒုနဲ့ဒေး အများကြီးတွေ့ပါလိမ့်မယ်... သင်္ကြန်မဏ္ဏပ်မှာ
သရုပ်ပျက်အ၀တ်အစားဝတ်ပြီး လူငယ်တွေ ပျော်နေကြတယ်လို့ မထင်လိုက်ပါနဲ့... ရေကစားမဏ္ဏပ်အချို့မှာ ပိုက်ဆံပေးငှားပြီး အဖော်အချွတ်ဝတ်ပြီး တက်ကခိုင်းတာတွေ ရှိပါတယ်... ဒါလေးတွေကိုလည်း သတိချပ်စေချင်တာပါ...
Wednesday, May 9, 2012
Tuesday, April 24, 2012
နေလောင်ထားသောအသားအရည် ပြန်လည်ပြုပြင်နည်း
သင်္ကြန် ၅ရက်လုံး လျှောက်လည်ကြပြီး အသားအရည်ပျက်စီးထားတဲ့ ကိုကို မမတွေအတွက် ယခုအပတ်ထုတ် မြန်မာတိုင်းမ်ဂျာနယ်မှ “ပျက်စီးသွားတဲ့ အသားအရေကို ဒီလိုပြုပြင်ကြမယ်” ဆိုတဲ့ ဆောင်းပါးလေးထဲမှ ပြန်လည်ကောက်နှုတ် ဖော်ပြပေးလိုက်ပါတယ်... မွဲခြောက်မဲပြာသွားတဲ့ အသားအရေကို အရင်လို စိုစိုဝင်းဝင်းလေးပြန်ဖြစ်ဖို့ ပိုက်ဆံမကုန်တဲ့ နည်းလေးတွေပါတဲ့...၁။ အပွေးမရှိတဲ့ သနပ်ခါးတုံး - အပွေးမရှိတဲ့ သနပ်ခါးတုံးကို သွေးပြီး တစ်ကိုယ်လုံး လိမ်းနိုင်ပါတယ်တဲ့။ အရေပြားကို အေးစေပြီး မိတ်ဖုတွေကိုလည်း သက်သာစေပါတယ်။၂။ ဂျုံမှုန့် - ဂျုံမှုန့်ကို ပိုပြီး မှုန့်ညက်သွားအောင် ကြိတ်စက်ထဲ ထည့်ကြိတ်ပြီး ရလာတဲ့အမှုန့်နဲ့ တစ်ကိုယ်လုံး ပွတ်တိုက်ပေးပါ။ ရှိသမျှချေးတွေ ပြောင်ပြီး အရေပြားချောပြောင်သွားပါလိမ့်မယ်။
Labels:
Health and Beauty
Saturday, April 14, 2012
အတာစားတဲ့ တနင်္လာ
၂၀၂၁ သင်္ကြန်မှာ တနင်္လာသား/သမီးတွေ အတာစားပါတယ်တဲ့... အတာစားတဲ့ တနလာင်္သား/သမီးတွေဟာ တနင်္လာနေ့ မနက် ၇နာရီနှင့် ၉နာရီကြားမှာ ရေချိုးသန့်စင်ပြီး အင်္ကျီအဖြူဝတ်ဆင်ကာ အရှေ့အရပ်ကို မျက်နှာမူ၍ ထမင်းဖြူတစ်ဆုပ် တင်းတင်းဆုပ်ပြီး ၀ါးစားပါ။ ထို့နောက် သဗ္ဗဇယမင်္ဂလာ ဘုရားရှိခိုးနှင့် ဘုရားရှိခိုးပြီး ကောင်းကျိုးလိုရာ ဆုတောင်းပါလေ...
oAÁZ,r*Fvm bk&m;&Sdcdk;ဒိဝါတပတိ အာဒိစ္စော၊ ရတ္တိမာ ဘာတိစန္ဒိမာ၊သန္နဒ္ဓေါ ခတ္ထိယော တပတိ၊ဈာယီ တပတိ ဗြာဟ္မဏော။အထသဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါတပတိ တေဇသာ။တာဒိသံ တေဇသမ္ပန္နံ၊ ဗုဒ္ဓံ ၀န္ဒာမိ သာဒရံနမက္ကာရာ နုဘာဝေန၊ သောတ္ထိမေ ဟောတု သဗ္ဗဒါ။အနက်အာဒိစ္စော - ရောင်ခြည်တထောင် အလင်းဆောင်သည့် ထွန်းပြောင်ပ၀င်း ရှင်နေမင်းသည်၊ ဒိဝါ - နေ့အခါ၌ လောကအလယ် ဂုဏ်မြင့်ကြွယ်၍ တင့်တယ်ပါပေ၏။
Thursday, April 12, 2012
၂၀၁၂ သင်္ကြန်အကြိုနေ့
“အတာကူးတဲ့ တန်ခူးလချိန်ခါ နှစ်ကူးသင်္ကြန်မှာ သူလေးနဲ့တွေ့ရပုံမှာ မေ့လည်းမမေ့နိုင်စရာ...” သီချင်းအစား “ကိုကြီးကျော် ကိုကြီးကျော် ကျော်ကျော်ကျော်ကျော် တို့ကိုကြီးကျော်...”ဆိုတဲ့ ဟိုဘက်ရပ်ကွက်က ဖွင့်ထားတဲ့ သီချင်းသံနဲ့အတူ အိပ်ရာက နိုးလာခဲ့ပါတယ်။ အင်း ကိုကြီးကျော်လည်း တောင်ပြုံးချိန်ပဲ မြူးရတာ ပျင်းနေတယ်ထင်ပါတယ်လို့ စိတ်ထဲက ညဉ်းနေမိတယ်။ မျက်နှာသစ်၊ သွားတိုက်၊ ရေချိုးပြီး မနက်ခင်းလုပ်စရာရှိတာတွေ အစသတ်လိုက်ပြီး မနက်စာစားလိုက်တယ်။ အဲ့အချိန်ထိ ကိုကြီးကျော်က ကိုကြီးကျော်တုန်း... :)သိကြားမင်းကို အတာအိုးနဲ့ ကြိုတယ်... ခုချိန်ထိ ဘာကြောင့် အတာအိုး (ခုနစ်နေ့နံပါတဲ့ အညွှန့်တွေနဲ့ သင်္ကြန်ပန်း)တွေနဲ့ ကြိုရတယ်ဆိုတာ မီးလေးတကယ်ကို မသိသေးဘူး... ငယ်ငယ်တုန်းက သူများတွေ သိကြားမင်းဆင်းမယ်ပြောတော့ မေမေ့ကို သိကြားမင်းက ဘယ်လိုဆင်းတာလည်း မေးခဲ့ဖူးတယ်... အဲ့တုန်းက မေမေက မနက်ဖြန် ဆင်းမှာ လေဆိပ်မှာ ဦးခင်ညွှန့်တို့ သွားကြိုမယ်လို့ ပြန်ဖြေတော့ သိကြားမင်းဆိုတာ လေယာဉ်နဲ့ဆင်းလာတဲ့ ပုဂ္ဂိုလ်ပါလားလို့ ထင်ခဲ့ဖူးပါတယ်... ခုချိန်ထိ သိကြားမင်းက ဘယ်ကိုဆင်းပြီး ဘယ်မှာတည်းတယ် မသိသေးပါဘူး... တည်းတဲ့နေရာများသိရင် လက်တို့ကြပါဦး မြင်ဖူးချင်လို့ပါ... :))ပြောရင်းနဲ့ စကားတွေက ချော်တောငေါ့နေပြီ ပြန်တည့်ဦးမှ။
သိကြားမင်းကြိုတဲ့ အတာအိုး
Monday, March 19, 2012
မျောက်များပုံပြင်
ကာတွန်းဆရာ အော်ပီကျယ်ရဲ့ မျောက်များပုံပြင်ကို ကူးယူဖော်ပြပေးလိုက်ပါတယ်။ ဘာမှန်း ညာမှန်း သေချာမသိဘဲ ရှေ့က လုပ်တဲ့သူတွေအတိုင်း လိုက်လုပ်တတ်တဲ့သူတွေရဲ့ အပြုအမူကို မီးမောင်းထိုးပြ ထားတာပါ။ ဖတ်ပြီးတဲ့ သူတွေလည်း ရှိမှာပါ မဖတ်ရသေးတဲ့သူတွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ...
Labels:
Reshare
Saturday, March 17, 2012
သားသားလေးရဲ့ မွေးနေ့အလှူ
သားသားလေးရဲ့ ၄.၃.၂၀၁၂တွင် ကျရောက်သော မွေးနေ့ မင်္ဂလာမှသည် စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံ၍ ကံကောင်းပြီး အောင်မြင်ပျော်ရွှင်တဲ့ ဘ၀လေး ပိုင်ဆိုင်နိုင်ပါစေလို့ ဒီပို့စ်လေးကနေ ထပ်ဆင့် ဆုတောင်းလိုက်ပါတယ်။
၂၀၁၁ရဲ့ ဒီအချိန်လေးမှာ ဆေးရုံမှာပေါ့ သားသားလေး လူ့လောကထဲ ရောက်လာပြီ စသည်ဖြင့် ထိုအချိန်က ရင်ခုန်ခဲ့ရတာတွေဟာ မနေ့တနေ့ကလိုပါပဲလို့ ကျွန်မတို့နှစ်ယောက် ပြိုင်တူပြောပြီး ရီခဲ့ရပါတယ်။ ကျွန်မတို့ ဇနီးမောင်နှံရယ်တာကြည့်ပြီး သားသားကလည်း ခစ်ခစ်နဲ့ လိုက်ရီနေတဲ့ သားလေးဟာ ကျွန်မအတွက် လတစ်စင်းပါ။ (အမျိုးသားကတော့ နေတစ်စင်းပေါ့... ကြုံတုန်းလေး ကြွားတာ... :D) ကျွန်မတို့ နှစ်ဦးအတွက် ပိုပြီး ခိုင်မြဲစေတဲ့ ကြိုးလို့လည်း ပြောလို့ရပါတယ်။ ကျွန်မတို့ရဲ့ ချစ်ခင်မြတ်နိုးတွယ်တာရပါသော သားလေးရဲ့ တစ်နှစ်ပြည့်မွေးနေ့မှာ ဘယ်လိုလေးလုပ်ချင်တယ်၊ ဘယ်လို လုပ်ရင်ကောင်းမယ်ဆိုတဲ့ စိတ်ကူးတွေက လွန်ခဲ့တဲ့ ၆လလောက်ထဲက တန်းစီနေပါတယ်။
နောက်ဆုံးမှာတော့ အိမ်မှာ ဘုရားအမှူးရှိတဲ့ သံဃာတော် ၅ပါးကို စင်္ကာပူဒန်ပေါက် နေ့ဆွမ်း ဆက်ကပ်တယ်။
ဘုန်းတော်ကြီးကျောင်းအတွက် န၀ကမ္မအလှူငွေ တစ်သိန်းကျပ်နှင့် သံဃာတစ်ပါးစီအတွက် ၅၀၀၀ကျပ်စီ လှူဒါန်းပါတယ်။ ထို့နောက် အိမ်နားမှာရှိတဲ့ ဘုန်းကြီးကျောင်းကိုလည်း ဒန်ပေါက်ဆွမ်း သွားပို့ လှူဒါန်းဖြစ်ခဲ့ပါတယ်။
သားသားလေးရဲ့ မွေးနေ့မှ ပြုသမျှသော ကုသိုလ်ကောင်းမှုကို ကျွန်မတို့ မိသားစုနဲ့ထပ်တူ သူငယ်ချင်းများကိုလည်း အမျှပေးဝေပါတယ်။ သာဓုခေါ်ဆိုတော် မူကြပါကုန်......
ရွှင်လန်းချမ်းမြေ့ကြပါစေ
မီးလေး
Monday, March 5, 2012
အပြန်အလှန် နားလည်နိုင်ကြပါစေ...
(ဤဘလော့ဂ်ပေါ်မှ စာများသည် ကျွန်မ၏ အတွေးအခေါ်မျှသာဖြစ်ပါသည်...)
မိဘတိုင်းက လောဘကြီးကြသည်...
ဟုတ်ပါတယ် မိဘတိုင်းက လောဘကြီးကြပါတယ်။ ဘယ်အပေါ်မှာ လောဘကြီးလည်းဆိုရင် သားသမီးတွေ အပေါ်ထားတဲ့ မေတ္တာ၊ စေတနာ၊ ဂရုဏာ စသည့်တို့ပဲ ဖြစ်ပါတယ်။ မိဘတွေဟာ သားသမီးကို ပေးဆပ်တဲ့သူတွေသာ ဖြစ်ပါတယ်။ သားသမီးတွေအပေါ် ထားတဲ့ စိတ်စေတနာ အမြဲတမ်း အားရကျေနပ်မှုမရှိကြတာ မိဘတွေပါပဲ။ သားသမီးတွေကို ထူးချွန်ထက်မြတ်ပြီး လိမ္မာယဉ်ကျေးတဲ့ သူလေးတွေ ဖြစ်လာစေချင်ကြပါတယ်။ မျှော်လင့်ချက် ကြီးကြီးမားမားထားကြပြီး သူတို့အတွက် တတ်နိုင်သည်ဖြစ်စေ၊ မတတ်နိုင်သည်ဖြစ်စေ ပံ့ပိုးကူညီကြတယ်။ မိဘတွေရဲ့ စိတ်စေတနာတွေဟာ စာနဲ့ ဖွဲ့မရနိုင်အောင် နက်ရှိုင်းလှပါတယ်။
အထူးသဖြင့် မိဘတွေဟာ သားသမီးတွေရဲ့ ပညာရေးမှာ အရမ်းလောဘကြီးကြပါတယ်။ တချို့ တတ်နိုင်တဲ့ မိသားစုတွေကလည်း တတ်နိုင်တဲ့အလျှောက် ပုဂ္ဂလိက ကျောင်းတွေမှာ ထားကြသည်။ တချို့မိဘတွေက နာမည်ကြီးကျောင်းတွေမှာ ထားကြသည်။ တချို့(အများစု)ကတော့ မြို့နယ်၊ ရပ်ကွက် စာသင်ကျောင်းများမှာပဲ ကျောင်းထားကြသည်။ တချို့က နိုင်ငံခြားမှာ ကျောင်းထားကြသည်။ မည်သည့်နေရာမှာပင်ထားထား အားလုံးမှာ သားသမီး ပညာတတ်ကြီးဖြစ်ဖို့အတွက် ရည်ရွယ်ချက် တခုတည်းသာ ဖြစ်သည်။
ပြည်ပမှာ ကျောင်းထားတဲ့မိဘများမှာ အတူလိုက်နေနိုင်တာ ရှိသလို၊ အတူလိုက်မနေနိုင်တဲ့ မိဘ များလည်း ရှိပါသည်။ နောက်ဆက်တွဲ ပြဿနာများမှာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်သားသမီးများကို ကိုယ့်ရင်ခွင်ထဲမှ ခွဲထုတ်ပြီး ပြည်ပမှာ ပညာသင်ကြားစေသည်။ ကျောင်းပိတ်ရက်မှ သားသမီးက ပြန်လာလို့ တွေ့ရတာ (သို့) မိဘက လိုက်သွားမှသာ မိဘနှင့် သားသမီး ပြန်ဆုံကြရသည်။ ဘယ်ဆွေမျိုးသားချင်းနဲ့ပဲနေနေ မိဘနဲ့နေတာလောက်တော့ ဘယ်ကောင်းပါ့မလဲ။ ကျောင်းပြီးပြန်တော့ အမိမြေမှာ မိဘပိုင် လုပ်ငန်းရှိတဲ့သူကြ ပြန်လာပြီး ဦးစီးလုပ်ကြပေမဲ့ လုပ်ငန်းမရှိတဲ့ သူတွေကျ ပြန်လာဖို့ ဝေးသထက် ဝေးလာကြပြန်တယ်။ ရထားတဲ့ ဘွဲ့၊ ကိုယ့်ရဲ့ ပညာ အရည်အချင်းကြောင့် လက်ရှိ ကိုယ်ရှိနေတဲ့ နိုင်ငံမှာ အလုပ်လုပ်မယ်ဆိုရင် အမိမြေမှာ အလုပ်ပြန်လုပ်တာထက် ပိုဝင်ငွေကောင်းတော့ အဲ့နိုင်ငံမှာပဲ အလုပ်လုပ်၊ အိမ်ထောင်ကျနဲ့ အမိမြေက အမေ့အိမ်ကို ပြန်လာနိုင်မဲ့ အခွင့်အလမ်းတွေ နည်းသွားကြတယ်။
နာမည်ကြီးကျောင်းတွေမှာ ထားတဲ့ မိဘတွေ(အများစု) ကျပြန်တော့ မိဘတွေအချင်းချင်း ၀တ်ထားတဲ့ အ၀တ်အစား၊ လက်ဝတ်ရတနာ၊ စီးလာတဲ့ ကား စတာတွေ ပြိုင်ဆိုင်နေတော့ ကလေးတွေကအစ အ၀တ်အစား၊ အစားအသောက်၊ အသုံးအဆောင်တွေ အချင်းချင်းပြိုင်နေကြပြန်တော့တယ်။ အဲ ကြားက ထောတာကတော့ ဈေးသည်တွေပါပဲ တခြားကျောင်းတွေမှာ ရောင်းတဲ့ဈေးထက် ဈေးတင်ထားကြသေးတယ်။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရေလို့သာ အော်လိုက်ချင်တော့တယ်။ (အော်လည်း အော်ပြီးပြီနော်... :P)
နာမည်မရှိတရှိကျောင်းကျတော့ တမျိုး အမျိုးမျိုးပါပဲ။ ဒါပေမယ့် မိဘတွေ အနေနဲ့ သိထားရမှာက ကိုယ့်ကလေးတွေကို လမ်းကြောင်းမှားပေါ် လျှောက်မိအောင် မသင်ပေးမိစေဖို့ပါပဲ။ မိဘအများစုက သားသမီးတွေရဲ့ အဆင့်ဘယ်လောက်ရတယ်ဆိုတာ ကြွားဝါတတ်ကြပါတယ် (ကျွန်မအမေ အပါအ၀င်ပေါ့)။ ကျွန်မ သမီးပေါ့ အဆင့်ဘယ်လောက်ရတာ (မသိခင်ကတော့ အဲ့လို အမေပြောတိုင်း အရမ်းကို ပျော်ခဲ့ရပါတယ်)။ တနေ့ အခန်းမတူ သူငယ်ချင်းတစ်ယောက်ရဲ့အမေနဲ့ ဈေးမှာ ဆုံမိကြတဲ့အခါ အမေချင်း ဒီတပတ် အဆင့်ဘယ်လောက်ရတယ် ပြောကြတော့ ကျွန်မသူငယ်ချင်းက အဆင့် ၈ ရတယ်လို့ သိရတယ်။ အမှတ်ပေါင်း ဘယ်လောက်ရလဲ မေးမိတော့ သူ့အမှတ်က ကျွန်မနဲ့ သိပ်မကွာတာ သိလိုက်ရတယ်။ အဲ့တုန်းက ကျွန်မက အဆင့် ၃၊ သူနဲ့ကျွန်မ အမှတ်ပေါင်းကွာခြားချက်က ၃မှတ်လောက်ပဲ ကွာတယ်။ ကျွန်မတို့ အခန်းမှာဆို အဆင့် ၅အတွင်း ၀င်မှာ သေချာတယ်။
အဲ့အချိန်က စလို့ ကျွန်မနားလည်လိုက်တာက အဆင့်ဆိုတာ စံတခုပါပဲ။ ရမှတ်ကမှ ကိုယ်တကယ်တတ်ကျွမ်းမှုကို ဆိုလိုတယ်လို့ သဘောပေါက်နားလည်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မတို့ တကယ် တတ်ကျွမ်းခဲ့ပါသလား ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်တဲ့အခါ မတတ်ကျွမ်းဖူးဆိုတာ သိလာရတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ရဲ့ ပညာသင်စနစ်က ဒီလပတ်မှာ သင်ခန်းစာ ဘယ်လောက်ကနေ ဘယ်လောက်ထိကျက်ရမယ်ဆိုပြီး ကျက်ခိုင်းတယ်။ အဲ့ဒီ သင်ခန်းစာတွေပဲ မေးတယ် ဖြေပြီးပြန်တော ဖြေပြီးသား သင်ခန်းစာတွေ လှည့်ကြည့်စရာတောင် မလိုတော့ဘူး။ အဲ့တော့ တတ်ကျွမ်းတဲ့သူက အနည်းစုဖြစ်လာတယ်။
နောက်တခု အဆင့်ဆိုလို့ အတန်းထဲမှာ အဆင့်ပေးတာကလည်း အတန်းပိုင်ဆရာမနဲ့ ဆိုင်တယ်။ ပြီးတော့ ဘာသာရပ်ဆိုင်ရာ ဆရာ/မနဲ့လည်း ဆိုင်တယ်။ သူတို့ဆီမှာ ကျူရှင်ယူတဲ့သူတွေက မယူတဲ့သူတွေထက် အမှတ်ပိုများတယ်။ ကျွန်မတို့ အလယ်တန်းလောက်က အတန်းပိုင်ဆရာမ ဦးစီးပြီး အိမ်မှာ ကျူရှင်ဝိုင်းသင်တယ်။ ၀ိုင်းမှာ သင်တဲ့ ဆရာ/မ အများစုက အတန်းထဲဝင်တဲ့ ဘာသာရပ်ဆိုင်ရာ ဆရာ/မတွေ အများစုပါတယ်။ မိဘတွေကလည်း အဲ့လိုဝိုင်းတွေမှာ ရွေးထားကြတယ်။ ဒါလည်း မိဘတွေ အပြစ်မဟုတ်ပါဘူး သားသမီးကို တော်စေချင်တဲ့ အတန်းထဲမှာ အဆင့်ဝင်စေချင်တဲ့ စိတ်ပါ။ အဲဒါက ကလေးတွေကို လမ်းလွဲစေပါတယ်။ အတန်းပိုင်ဆီမှာ ကျူရှင်တက်မှ အမှတ်ကောင်းကောင်းရမှာတို့၊ အဆင့်ဝင်မှာတို့ အဲသွားကန်တော့ရတာလည်း ရှိသေးတယ်။ သူငယ်ချင်းတွေက ဆရာမတွေဆီ ကျူရှင်ယူကြ သွားကန်တော့ကြနဲ့ သူတို့တွေထဲမှာ ကျွန်မ မပါတာတော့ သေချာပါတယ်။ အဲလို လုပ်ရမှာ ၀ါသနာလည်း မပါခဲ့ဘူး။ သူများ မိုးခါးရေ သောက်တဲ့အချိန် လိုက်မသောက်ခဲ့မိတဲ့ ကျွန်မကို အမေက လူ့ဂွစာလို့ ပြောပါတယ်။ :P
ကျောင်းက ဆရာကန်တော့ပွဲအပြင် အိမ်မှာ လိုက်ကန်တော့တာမျိုး အမေလုပ်ခိုင်းတာတောင် မလုပ်ခဲ့ပါဘူး။ အတန်းထဲမှာ အဆင့်ဝင်ရင် အတန်းဖော်အချင်းချင်း “ရမှာပေါ့ ဆရာမကို သွားကန်တော့ထားတာလေ”လို့ အပြောခံရတတ်ပါတယ်။ ကျွန်မက အဲ့လိုအပြောမခံနိုင်လို့ သီးသန့်ကန်တော့တာမျိုး မလုပ်ပါ။ ကျွန်မက တခုခုရချင်လိုစိတ်နဲ့ တခုလိုက်လုပ်တာမျိုး လုပ်ရတာကို ကိုယ့်ကိုယ်ကို အရမ်းကို ရှက်မိလို့ပါ။ လမ်းမှာတွေ့ရင် အာစရိယ ဂိုဏ်းဝင် ကျေးဇူးရှင်များဖြစ်တဲ့အတွက် ခြင်းတောင်းကူဆွဲပေးတာတို့၊ စာအုပ်တွေ ကူသယ်ပေးတာတို့၊ အတန်းထဲမှာ တခြားလုပ်စရာရှိတာတွေ ၀ိုင်းကူလုပ်ပေးပါတယ်။
ကျွန်မက အရွဲ့တိုက်တဲ့စိတ်တော့ နည်းနည်းမဟုတ်ဘူး တော်တော့်ကို ရှိပါတယ်။ ကျွန်မ ပထမတန်း ပညာသင်ကြားနေချိန်မှာ အတန်းပိုင်ဆရာမက အထက်တန်းကျောင်းကို ပြောင်းခဲ့ရပါတယ်။ ကျွန်မတို့ မူလတန်းကျောင်းမှာ သူငယ်တန်းကနေ လေးတန်းအထိ အတန်းပိုင် ဆရာမတဦးထဲ အတန်းကိုင်ပါတယ်။ နောက်ရောက်လာတဲ့ အတန်းပိုင်ဆရာမက ကျွန်မရဲ့ တ၀မ်းကွဲအဒေါ်ဖြစ်နေပါတယ်။ ဒုတိယတန်း ပညာသင်နှစ်ကစလို့ ကျွန်မ ပညာရည်ချွန်ဆုပေးပွဲမှာ ပထမ မရတော့ပါဘူး (ကြုံတုန်းလေး ကြော်ငြာဝင်တာ )။ ကျွန်မ ပထမဆု မရတာ ကျွန်မ ညံ့လို့ မဟုတ်ဘဲ အဒေါ်က သူ့ကို သူများပြောမှာ စိုးလို့ပါတဲ့လေ။ အဲ့ကတည်းက ကျွန်မစိတ်ထဲမှာ မှားတဲ့ အတွေးအခေါ်တွေ စ၀င်လာခဲ့ပါတယ်။ ငါကြိုးစားလည်း ဘာထူးမှာလဲ ပထမ မရမယ့်အတူတူ သူများတွေလိုပဲ ပုံမှန်လေးပဲ စာလုပ်တော့မယ် ဆိုပြီး အတွေးဝင်သွားတဲ့နောက်မှာတော့ နှစ်စဉ် တတိယနေရာကနေ မတက်တော့ပါဘူး။
အမှန်က ပထမ နေရာပဲပေးပေး ဘယ်နေရာပဲ ပေးပေး ကိုယ်စာရဖို့သာ အဓိကလို့ မတောက်တခေါက် ဥာဏ်နဲ့ မစဉ်းစားနိုင်ခဲ့ပါဘူး။ အမေကလည်း ကျွန်မဘာကြောင့် တတိယကနေ မတတ်တာလဲလို့ သေချာ အဖြေမရှာနိုင်ခဲ့ပါဘူး။ သူ့ခဗျာ စားဝတ်နေရေးအတွက် အလုပ်လုပ်နေရတာကိုး။ စာမလုပ်ဘဲ အဆော့မက်တယ်လို့ဘဲ အပြစ်တင်ခံခဲ့ရပါတယ်။ သားသမီးတွေ အပြောင်းအလဲကို မိဘတွေ သတိထားကြည့်စေချင်ပါတယ်။ တချို့မိဘတွေဆို သားသမီးကို လုံးဝကို လှည့်မကြည့်နိုင်တာပါ။ လှည့်ကြည့်ချင်ပေမယ့် လှည့်ကြည့်ဖို့ အခြေအနေမပေးတဲ့ မိဘတွေလည်း အများကြီးပါ။ စားဝတ်နေရေး၊ ကျောင်းစရိတ် စသည် စသည်တွေက ရှိသေးတယ်မို့လား။
နွေရာသီ ကျောင်းပိတ်ရက်ဆို ကျွန်မတို့ အရမ်းပျော်ခဲ့ရပါတယ်။ ခုများတော့ နွေရာသီ ကျောင်းပိတ်ရက် မရောက်ခင်ထဲက ကြိုနေကြတဲ့ သင်တန်းတွေ အားပါးပါး မနည်းမနောပါဘဲ။ ဒီနေရာမှာ ကျွန်မအမြင်က နွေကျောင်းပိတ်ရက်ကာလမှာ စိတ်ဖိစီးမှုမပါတဲ့ သူတို့ ၀ါသနာပါတဲ့ သင်တန်းတွေကိုပဲ မိဘတွေက ရွေးချယ်တတ်ခိုင်းသင့်တယ်လို့ ထင်ပါတယ်။ ဒီကျောင်းပိတ်ရက်ပဲ သူတို့ခမျာ နားရတာကိုး ကျောင်းဖွင့်တာနဲ့ ကျောင်းစာ၊ ကျူရှင်စာနဲ့ စိတ်ဖိစီးမှုတွေက မဖိတ်ခေါ်ဘဲ အလိုလို သူတို့ဆီ ရောက်လာနေကြမို့ပါ။
ဖြစ်နိုင်လျှင် မိဘတွေ ကိုယ့်သားသမီး ၀ါသနာပါတာ လေ့လာပါ၊ အားပေးပါ၊ ပံ့ပိုးကူညီပါ၊ ကိုယ်ဖြစ်ချင်တာကို မလုပ်ခိုင်းပါနဲ့။ အင်ဂျင်နီယာတတ်ချင်တဲ့ သားသမီးကို ဆေးကျောင်း အမှတ်မီတာပဲ ဆေးကျောင်းပဲ တတ်ပါလို့ အတင်းမတတ်ခိုင်းပါနဲ့။ မိဘတတ်ခိုင်းလို့ မလုပ်ချင်ဘဲ စိတ်ဖိစီးမှုနဲ့ လုပ်ရတဲ့ အလုပ်က သူတို့အတွက် မကောင်းပါဘူး။ သူတို့ လုပ်ချင်တဲ့ အလုပ်ကို လုပ်ခွင့်ရရင် စိတ်ပျော်ရွှင်ပြီး အလုပ်ခွင်ဝင်ကြတဲ့အခါ အောင်မြင်တဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ကြမှာပါ။ မိဘက ဒါလုပ်လို့ ပြောလို့လုပ်တဲ့သူတွေထဲမှာလည်း အောင်မြင်တဲ့ သူတွေရှိပါတယ်။ မိဘကတော့ ဖြစ်ချင်ဇော ကြီးတာကိုး မိဘတဦးအနေနဲ့ ဒါလေးက သင့်တော်တယ် ထင်ပေမယ့် မိဘက လျှောက်လှမ်းရမှာ မဟုတ်ဘဲ သားသမီးက တဘ၀လုံး လျှောက်လှမ်းရမယ့် ဘ၀ခရီးပေကိုး စိတ်ချမ်းသာ ပျော်ရွှင်မှုကလည်း အဓိက ကျတာပေါ့။ မိဘလုပ်ခိုင်းလို့ လုပ်လုပ်ပါလို့ မပြောဘဲ ဒါလေး လုပ်ရင်ကော မကောင်းဘူးလား ၀ါသနာမပါဘူးလား။ သားသမီးနဲ့ ညှိနှိုင်းတိုင်ပင်ပြီး လုပ်ရင် မိဘရော သားသမီးပါ စိတ်ချမ်းသာရမှာ အမှန်ပဲ မဟုတ်ပါလား။

မိဘနဲ့ သားသမီး အပေးအယူမျှပြီး အားလုံးစိတ်ချမ်းသာ ပျော်ရွှင်ကြပါစေ။
Labels:
My Notes
Sunday, February 19, 2012
ရှိသည် ဖြစ်သည် ချစ်သည်
အခုတလော အရမ်းကြိုက်ပြီး နားထောင်ဖြစ်နေတဲ့ သီချင်းလေး သီချင်းအေးအေးကြိုက်တဲ့ သူငယ်ချင်းတွေလည်း ကြိုက်မယ်ထင်လို့ ရှာဖွေပြီး တင်ပေးလိုက်ပါတယ်။ သီချင်းခေါင်းစဉ်က “ရှိသည် ဖြစ်သည် ချစ်သည်”တဲ့ တေးသံရှင် ချမ်းချမ်းက သီဆိုပေးထားပါတယ်။
ရှိသည် ဖြစ်သည် ချစ်သည်
တေးရေး - နေထိုက်စိုး ၊ တေးဆို - ချမ်းချမ်း
အချစ်စစ်တစ်ခုကို ရှာတွေ့ ပြီ သူ့မျက်ဝန်းရဲ့ ပုံရိပ်ဆီ အတွင်းစိတ်တွေ သိကြတယ်...
ဒီလိုသက်ရောက်မှူလေးတွေ တစ်မိုးအောက်တစ်ယောက်သာ ချစ်သွားမည်..
အဆိုးကောင်းမျှဝေခံစားကာ နှလုံးသားထဲစေ့စပ်ကာ ရင်ခွင်လေးထဲ ခိုနားဆဲ...
ရှိသည် ဖြစ်သည် အချစ်က အရာရာဖန်ဆင်းသည်...
ထပ်တူ ချစ်သည် ချစ်သည် မျက်စိမှိတ်ကာယုံတော့မည်
မိုးသက်လေပြင်းကျတဲ့အခါ ဘ၀ရဲ့ အိမ်ကလေးအားတင်းပါ...
မပူပါနဲ့အချစ်စစ်ရဲ့ အခက်ခဲဆိုတာ ကြုံရမှာ...
စိတ်ကူးယဉ်တဲ့ အချစ်တစ်ခုဟာ...
လက်တွေ့မဆန်ဘူးပြောကြတာ မလိုပါဘူး
ဘေးစကားတွေ အချစ်ကို ကိုးကွယ်ယုံစားသည် ချစ်တာ ........ ချစ်တာ .....
Labels:
Music
Saturday, December 31, 2011
Bye Bye 2011
ပျော်ရွှင်ရသော ၂၀၁၁ဇန်န၀ါရီလ- မီးလေးတို့မိသားစု ကျိုက်ထီးရိုးဘုရားသွားခဲ့ကြပါတယ်... နှစ်စမှာ အရမ်း ကို ပျော်ရွှင်ခဲ့ရပါတယ်... မကြာခင် ရင်သွေးလေးရလာမှာ ဖြစ်တဲ့အတွက် အရမ်းလည်း ရင်ခုန်ခဲ့ရပါတယ်... မွေးလာမယ့် ကလေးဟာ ဘယ်လိုပုံလေးဖြစ်မလဲ? ဘယ်သူနဲ့ တူမလဲ? စတဲ့ မေးခွန်းပေါင်းများစွာနဲ့ စိတ်ကူးယဉ်နေခဲ့ပါတယ်...
မတ်လ - ၄ရက်နေ့ မီးလေးအတွက် ဘ၀မှာ အပျော်ဆုံးနေ့ထဲမှာ တရက် အပါအ၀င်ဖြစ်ခဲ့ပါတယ်... မီးလေးတို့ ဘ၀ထဲကို သားသားလေး စရောက်လာခဲ့လို့ပါပဲ...
Labels:
My Notes
Saturday, October 29, 2011
HOME - အိမ်
အိမ်ဆိုတာ “အ”လုံးကြီးတင် မသတ်“အိမ်” စကားလုံးက တလုံးတည်းရယ်ပါ... အိမ်ဆိုတာ ရသာမျိုးစုံတဲ့ ချို၊ ချဉ်၊ ဖန်၊ ခါး ဟင်းအိုးကြီးနဲ့ တူပါတယ်... ပျော်ရွှင်စရာ၊ ၀မ်းနည်းစရာ၊ စိတ်ချမ်းသာစရာ၊ စိတ်ညစ်စရာ စတဲ့ ခံစားချက်မျိုးစုံနဲ့ ပြည့်နှက်နေတာ အိမ်ပါ... အိမ်ထဲမှာ မိသားစုတွေ အတူတူ ပျော်ရွှင်ရယ်မောခဲ့ကြတယ်... စိတ်ညစ်စရာရှိရင်လည်း ၀ိုင်းပြီး စိတ်ညစ်ခံခဲ့ကြတယ် ... ပျော်ရွှင်သည် ဖြစ်စေ၊ ၀မ်းနည်းသည်ဖြစ်စေ မိသားစုတွေ သိုက်သိုက်ဝန်းဝန်း ရှိခဲ့ကြတယ်...
Labels:
My Notes
Wednesday, September 21, 2011
Blogspot ပြန်ပွင့်ခြင်း အမှတ်တရ
7 days ဂျာနယ်မှာ ပိတ်ထားတဲ့ Website တွေ ပြန်ဖွင့်ပေးနေပြီဆိုတဲ့ သတင်း တပုဒ် ဖတ်လိုက်ရတော့ အသည်းအသန်ကြည့်မိတာက Blogspot များ ပါလေ မလားလို့ပေါ့...
Youtube, Yahoo mailနဲ့ နောက်ဆုံးမှာတော့ Blogspot ဆိုတာ ဖတ်လိုက် မိတော့ အပြေးေ လးရောက်မိတာက ကွန်ပျူတာနား...
အို- ငါ့ဆိုဒ်လေး ပွင့်နေပါလားဆိုတဲ့ စိတ်က အတိုင်းမသိ ၀မ်းသာမိသလို တချိန်က blog ခဲ့ကြတာကိုလဲ အောက်မေ့သတိရမိလေရဲ့....
Labels:
My Notes
Wednesday, October 13, 2010
ရန်ကုန်လေဆိပ်က 0207
ခံစားချက်ကို ချရေးတာမို့ သည်းခံဖတ်ပေးကြပါနော်..စက်တင်ဘာလ ၁၂ရက်နေ့မှာ TG 09:50 နဲ့ ဗန်ကောက်ကို သွားမှာမို့ အိမ်က ၈နာရီမှာ ထွက်ခဲ့ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာလဆိပ်ကို ၈နာရီ၂၀လောက် ရောက်သွားပါတယ်... ရောက်တယ်ဆိုရင်ပဲ ပါလာတဲ့ အထုပ်တွေ တွန်းလှဲပေါ်တင်ပြီ လေဆိပ်အဆောက်အအုံဝင်းထဲသို့ ၀င်လာခဲ့ပါတယ်… Air Tax ပေး၊ X'Ray ဖြတ်၊ Check in ၀င်နဲ့ Immigration Counter ရောက်တော့ ၈နာရီ ၄၀မိနစ်လောက်ရှိပါပြီ… ကြည့်လိုက်တော့ Myanmar Passport Holder ရေးထားတဲ့ Counter တိုင်းမှာ တန်းစီနေကြတာ မနည်းပေလှဘူး… ကဲ လူနည်းမယ်ထင်တဲ့အတန်းကို တန်းစီတာပေါ့ဆိုပြီ ညာဘက်ထောင့်ဆုံးက ကောင်တာမှာ ၀င်တန်းစီလိုက်ပါတော့တယ်...
Labels:
ဆောင်းပါး
Thanks you all...
လာလည်ကျတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်...
ဘလော့ဂ်မရေးဖြစ်တာ ကျော်ခွရေးရတာ အဆင်မပြေတာကြောင့် မရေးတာရယ်၊ G Mail က ရေးရင် Setting လုပ်မရ (လုပ်မတတ် :)) တာရယ်ကြောင့် စာရေးကျဲနေတာ ခွင့်လွတ်ကျဖို့နဲ့ ဒီနေရာကနေ တောင်းပန်ပါရစေ...
ကျော်စရာ ခွစရာမလိုတဲ့ ဗန်ကောက်ရောက်တဲ့အချိန်မှာ ရေးဖို့ ကြိုးစားပေမဲ့ အချိန်မပေးနိုင်တာရယ်ကြောင့် ကုန်ကြမ်းတွေရှိပြီး မချရေးနိုင်ခဲ့ပါဘူး...
နောက်များ အချိန်ရရင်ဖြင့် အိန္ဒိယကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေရော စင်္ကာပူ၊ မလေးသွားတုန်းက ပျော်ခဲ့ရတာတွေရော အကုန်ပေါင်းရေးပါ့မည်..
မငြီးမငြူလာဖတ်ကြတဲ့ စာဖတ်သူများကို လေးစားလျက်

Thursday, September 9, 2010
အဝေးသင်တက္ကသိုလ် စာမေးပွဲများ ဖြေဆိုရတော့မည်...
ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေး အဝေးသင်တက္ကသိုလ် အတန်းတင်စာမေးပွဲများ ကျင်းပမည်ဟု ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ပါရှိသဖြင့် သတင်းစာ မဖတ်ရသေးသည့် အဝေးသင်ကျောင်းသား/သူများအတွက် အချိန်ဇယားများ -
(က) ပထမအသုတ်သင်တန်းနှစ် အထူးပြု
ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် သိပံ္ပအထူးပြုအားလုံး
အနီးကပ်သင်တန်း ပို့ချမည့်ရက် စာမေးပွဲကျင်းပမည့်ရက်
၎-၁၀-၂၀၁၀ မှ
၁၁-၁၀-၂၀၁၀
(ခ) ဒုတိယအသုတ်
သင်တန်းနှစ် အထူးပြု
ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် အင်္ဂလိပ်စာ၊ ပထ၀ီဝင်၊
ဒဿနိကဗေဒ၊ စိတ်ပညာ၊
အရှေ့တိုင်းပညာ၊ ဥပဒေပညာ
အနီးကပ်သင်တန်း ပို့ချမည့်ရက် စာမေးပွဲကျင်းပမည့်ရက်
၁၄-၁၀-၂၀၁၀ မှ ၂၈-၁၀-၂၀၁၀ မှ
၂၄-၁၀-၂၀၁၀ ၄-၁၁-၂၀၁၀
သင်တန်းနှစ် အထူးပြု
စတုတ္ထနှစ် ဥပဒေပညာ
အနီးကပ်သင်တန်း ပို့ချမည့်ရက် စာမေးပွဲကျင်းပမည့်ရက်
၁၄-၁၀-၂၀၁၀ မှ ၂၈-၁၀-၂၀၁၀ မှ
၂၄-၁၀-၂၀၁၀ ၄-၁၁-၂၀၁၀
(ဂ) တတိယအသုတ်
သင်တန်းနှစ် အထူးပြု
ပထမနှစ်၊ ဒုတိယနှစ်၊ မြန်မာစာ၊ မြန်မာမှု၊ ရသစာပေ
တတိယနှစ် သမိုင်း၊ စီးပွားရေးပညာ
ပြည်သူ့ရေးရာ၊ အိမ်တွင်းစီးပွား
စီးပွားစီမံ
အနီးကပ်သင်တန်း ပို့ချမည့်ရက် စာမေးပွဲကျင်းပမည့်ရက်
၁၀-၁၁-၂၀၁၀ မှ ၂၂-၁၁-၂၀၁၀ မှ
၁၉-၁၁-၂၀၁၀ ၂၉-၁၁-၂၀၁၀
အဝေးသင်ကျောင်းသား/သူများ စာမေးပွဲ အခက်အခဲမရှိ ဖြေဆိုအောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်
မီးလေး
Labels:
Announcement News
Wednesday, September 1, 2010
ဖတ်လိုက်မိတဲ့ ခေါင်းစဉ်တပုဒ်
စာတွေ အရေးကျဲသွားတာ စာဖတ်သူအားလုံးနဲ့ ညီအစ်ကို မောင်နှမတွေကို ပထမဆုံး တောင်းပန်ပါရစေ...
ကိုနေသစ်ပြောသလို မင်္ဂလာရှိသွားလို့ မရေးဖြစ်တာ မဟုတ်ပါဘူး၊ ရေးဖို့ စိတ်ထဲရှိပြီး မရေးနိုင်ခဲ့တာပါ...
ဟိုတရက်က Snap Shot ဂျာနယ် တစ်စောင် ၀ယ်ဖတ်ရင်း ဖတ်လိုက်မိတဲ့ ခေါင်းစဉ်လေးကတော့ "သူခိုးလူပြန်ဟစ်သည့် ဖြစ်ရပ်များ ခေတ်စားနေ" ဆိုတဲ့ ခေါင်းစဉ်လေးကို သတိထားမိလိုက်တယ်... အဲ့ခေါင်းစဉ်ကို ဖတ်ရင်း ညီအစ်ကိုမောင်နှမတွေ စာဖတ်သူတွေကို မျှဝေပေးချင်တဲ့စိတ် ဖြစ်ပေါ်မိလို့ ဒီပို့စ်လေးကို ရေးလိုက်တာပါ... Snap Shot ဂျာနယ်မှာ ပါတဲ့အတိုင်း ပြန်ဖောက်သည်ချပေးရရင်ဖြင့်...
Labels:
Announcement News
Friday, June 4, 2010
ဘ၀သစ်ပြင်ဆင်မှုအတွက် အမှတ်တရနေ့လေးများ
ကိုယ်တိုင် မင်္ဂလာပွဲလုပ်မှပဲ မင်္ဂလာပွဲဖြစ်မြောက်ဖို့(အချိန်ပိုင်း ၂နာရီ)အတွက် ဘယ်လောက်ထိ ပင်ပန်းရတယ်ဆိုတာ သိလာရပါတယ်... လူပင်ပန်းတယ် ဆိုတာထက် စိတ်ပင်ပန်းတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်... မင်္ဂလာပွဲနီးလာလေ လုပ်စရာတွေလည်း များလာလေပါပဲ... ဘယ်လောက်ပဲ ကြိုတင် ပြင်ဆင်ထားခဲ့ပေမဲ့ အဆင်ပြေပါ့မလား ဆိုတဲ့ စိုးရိမ်စိတ်ကလည်း ပျော်ရွှင်မှုနဲ့အတူ ဒွန်တွဲလို့ ပါလာခဲ့ပါတယ်... သတို့သား၊ သတို့သမီး ၀တ်စုံကိုတော့ သင်္ကြန်မတိုင်ခင် ကတည်းက ရွေးထားပြီးသားဖို့ အဲ့အလုပ်တော့ မရှိတော့ပေမဲ့ လက်ဖွဲ့ပြန်ကမ်းဖို့အတွက် စိတ်သောက များရပါသေးတယ်... (ပြန်ကမ်းတဲ့ လက်ဆောင် အတွက် လူပန်း စိတ်ပန်းခံပြီး ကူညီပေးခဲ့တဲ့ ဘလော့ဂါ အစ်ကိုတော် Breeze နှင့် မီးလေး လောသမျှကို စိတ်ညစ်ခံပြီး အချိန်ပေးပြီး ပစ္စည်းမှာတာက အစ ပစ္စည်းပို့ပေးတဲ့အထိ အပင်ပန်းခံပြီး ကူညီပေးခဲ့တဲ့ မမ မမီးလေးဇာကိုလည်း ကျေးဇူးတင်မိပါတယ်... )
Labels:
ဆောင်းပါး
Monday, April 19, 2010
မေ့မရတဲ့ ၂၀၁၀ သင်္ကြန်
သင်္ကြန်အကြိုနေ့ (၁၃.၄.၂၀၁၀)ဒီနှစ် သင်္ကြန်ကို မင်္ဂလာဆောင်လဲ နီးပြီမို့ နေလောင်မှာစိုးပြီး ဘယ်မှ မသွားဘူး စီစဉ်ဖြစ်ခဲ့ပေမဲ့ ကမ္ဘာအေးဘုရားလမ်းက မဏ္ဍပ်တခုမှာ သူနဲ့အတူထိုင်ဖြစ်ခဲ့ပါတယ်... ဒီနှစ် အင်ယားလမ်းမှာ မဏ္ဍပ်ပေးမဆောက်တာကြောင့် ကန်တော်ကြီး၊ ပြည်လမ်းနဲ့ ကမ္ဘာအေး ဘုရားလမ်းတွေမှာသာ မဏ္ဍပ်တွေရှိပြီး ကန်တော်ကြီးမှာတော့ မဏ္ဍပ်အများဆုံးရှိပြီး ကမ္ဘာအေးဘုရားလမ်းမှာ အနည်းဆုံးဖြစ်ပါတယ်... အကြိုနေ့ မနက်ပိုင်းမှာတော့ ရေပက်ခံ ကားတွေ နည်းပေမဲ့ ရေပက်တဲ့ သူတွေတော့ မဏ္ဍပ်မှာ များနေခဲ့ပါတယ်... ညနေပိုင်း လောက်မှာ မဏ္ဍပ်ဖွင့်ပွဲလုပ်ပါတယ်... ညနေပိုင်းမှာတော့ ကမ္ဘာအေးဘုရားလမ်းက ၆လမ်း သွားဖြစ်ပေမဲ့ ကားတွေ ပြည့်ကြပ်နေခဲ့ပါတယ်... လူငယ်တွေလည်း လူငယ်တွေအလျောက် ပျော်ရွှင်နေကြသလို ဘုန်းကြီးကျောင်း၊ ဓမ္မာရုံတွေမှာလဲ ဥပုသ်သီတင်း စောင့်သူတွေနဲ့ စည်ကားလျက်ရှိပါတယ်... ဒီလိုနဲ့ သင်္ကြန်အကြိုနေ့လေး ကုန်ဆုံးခဲ့ပါတယ်...
Labels:
Daily Diary
Sunday, April 11, 2010
နီးလာပြီ ဖြစ်တဲ့ မင်္ဂလာရက်မြတ်...
ခုတလော မီးလေးတယောက် သူများဘလော့တွေ လည်ဖို့ မပြောနဲ့ ကိုယ့်ဘလော့ကိုယ်တောင် မရောက်တာ အတော်ကြာနေပါပြီ... မရောက်ဆို ကျောင်းကိစ္စတွေနဲ့ မီးလေးရဲ့ လက်တွဲဖော်နဲ့အတူ ဘ၀သစ်တခု ထူထောင်ဖို့ အတွက် လိုက်စီစဉ်နေရတဲ့ အတွက်လဲ ပါပါတယ်... မီးလေးရဲ့ လက်တွဲဖော်နဲ့ ချစ်သူသက်တမ်း ၄နှစ်မှာ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်... မီးလေးတို့ နှစ်ယောက်က အမြဲတမ်း စိတ်တူကိုယ်တူနဲ့ စဉ်းစားတွေးခေါ်မှုတွေက အမြဲ ထပ်တူညီခဲ့ကြပါတယ်... ခုဆို မီးလေးတို့ ချစ်သူသက်တမ်း ၄နှစ်နဲ့ ၄လရှိခဲ့ပါပြီ... ခုချိန်ထိ မီးလေးတို့ ပြဿနာအကြီးအကျယ် မရှိခဲ့ကြပါဘူး... သူများတွေလို ရန်လဲ မဖြစ်ခဲ့ဖူးပါဘူး... မီးလေးတို့ တယောက်နဲ့ တယောက် နားလည်မှု အပြည့်အ၀ရှိတဲ့အတွက် ရေရှည်လက်တွဲရမည့် ဘ၀လက်တွဲဖော် အဖြစ် လက်တွဲဖို့ ဆုံးဖြတ်လိုက်တဲ့ နေ့ကစလို့ အလုပ်တွေ ရှုပ်တော့တာပါပဲ... ပင်ပန်းပေမဲ့လည်း ပျော်ရွှင်နေကြပါတယ်...ဒီဇင်ဘာလ၊ ၂၆ရက်၊ ၂၀၀၉ခုနှစ်မှာ နှစ်ဖက်မိဘများနဲ့ ဆွေမျိုးများ ရှေ့မှောက်မှာ စေ့စပ်ကြောင်းလမ်းပွဲလေး လုပ်ခဲ့ကြပါတယ်... ခု ဧပြီလ ၂၂ရက်နေ့မှာတော့ လက်မှတ်ရေးထိုးပွဲနဲ့ မင်္ဂလာဦး ဆွမ်းကျွေးအလှူ ပြုလုပ်မှာ ဖြစ်ပြီး မေလ ၁၅ရက်နေ့မှာ မင်္ဂလာဧည့်ခံပွဲ ကျင်းပမှာဖြစ်ပါတယ်...နောက် ၁၀ရက်ဆို မီးလေးဟာ Single မှ အိမ်ထောင်ရှင်ဘ၀ကို ချစ်ခင်လေးစားရတဲ့ လက်တွဲဖော်နဲ့အတူ လျှောက်လှမ်းရမှာ ဖြစ်ပါတယ်... မင်္ဂလာနေ့ရက် နီးလာလေ ပျော်ရွှင်ခြင်း၊ ရင်ခုန်ခြင်းနှင့်အတူ စိုးရိမ်စိတ်တွေလည်း များနေရပါတယ်... အဆင်ပြေပြေနဲ့ ကိုယ်စီစဉ်ထားသလို ဖြစ်ပါ့မလားဆိုပြီး နှစ်ဦးစလုံး သောကများနေရပါတယ်...
မင်္ဂလာပွဲအတွက် လွန်ခဲ့တဲ့ လေးလလောက် ကတည်းက Plan ချပြီး လုပ်ခဲ့ကြလို့ အခုဆိုရင် စီစဉ်စရာ အနည်းငယ်ပဲ ကျန်တဲ့အတွက် တပိုင်းတော့ ခေါင်းအေးရပါတယ်... ဒီနေ့ မင်္ဂလာဧည့်ခံပွဲအတွက် ဖိတ်စာတွေလည်း လက်ထဲရောက်နေပါပြီ... ကြည်နူးပျော်ရွှင်စွာ နေ့ရက်များဆီသို့ မှန်းမျှော်ရင်း...
Labels:
Daily Diary
Wednesday, February 24, 2010
ကလေးအဖေ
အိမ်ထောင်သက် နှစ်၅၀မြောက် ကျင်းပသော ပါတီပွဲ တခုတွင်ဖြစ်သည်…ယောက်ျား - ဒီနေ့ဟာ တို့တွေရဲ့ အိမ်ထောင်သက်ဟာ နှစ်၅၀တိုင်ခဲ့ပြီ… တို့တွေရဲ့ အိမ့်ဆည်းလည်းတွေကလည်း ခုဆို ၇ယောက်ရှိခဲ့ကြပြီ… ထူးခြားတာ တခုက သားသမီး ၇ယောက်ထဲက တယောက်က အခြားကလေးတွေနဲ့ မျက်နှာပုံစံတခြားစီ ဖြစ်နေတယ်… ငါမေးရင် မင်း အမှန်အတိုင်းပြောမလား…မိန်းမဖြစ်သူက ဖြေပါ့မယ်လို့ ပြောလိုက်တယ်…ယောင်္ကျား - အဲ့ကလေးက တခြားတယောက်နဲ့ မွေးတဲ့ ကလေးလား…မိန်းမဖြစ်သူက မ၀င့်မရဲနဲ့ ခေါင်းညိတ်ရှာတယ်… ယောင်္ကျားလုပ်သူက အဲ့ဒီသူက ဘယ်သူလဲ ငါသိပါရစေကွာလို့ ပြောတော့ မိန်းမဖြစ်သူ ၀မ်းနည်းကြေကွဲတဲ့ လေသံနဲ့ ပြန်ဖြေလိုက်ပုံကမိန်းမ - အဲဒီ့သူက ရှင်ဖြစ်နေလို့လေ…တွေးပြီးမှပြုံးပါ...
Labels:
ဟာသ
Implementing and Administering a Standardized Network
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း
"Implementing and Administering a Standardized Network"
သင်တန်းပို့ချမည်
သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း (MCPA) နှင့် Assembler, Compu-Tech, M.S.T, BizNet Computer Center တို့ ပူးပေါင်းစီစဉ်မှုဖြင့် "Implementing and Administering a Standardized Network" သင်တန်းအား ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ Myanmar Info-Tech ရှိ e-Learning Center တွင် မတ်လ(၄)ရက်နေ့ မှ မတ်လ(၈)ရက်နေ့အထိ နံနက်(၉း၀၀)နာရီ မှ ညနေ(၅း၀၀) နာရီ အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။
အဆိုပါသင်တန်းတွင် Network အခြေခံသဘောတရားများ၊ Standard များမှ အစပြုပြီး၊ အဆင့်မြင့် မျက်မှောက် နည်းပညာရပ်များ IPv6, Cat6Cabling, Hotspot, Infosecurity, WAN Technologies, Server Managements များ စာတွေ့၊လက်တွေ့ပါဝင်ပြီး MCPA စာမေးပွဲများနှင့် Network အထူးပြု Certification များဖြေဆိုရာတွင် အထောက်အကူ ရရှိပါမည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်-၆၅၂၂၇၆ သို့ မတ်လ (၂)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပါသည်။
သင်တန်းဖွင့်မည့်ရက် - မတ်လ (၄) ရက်နေ့ မှ (၈)ရက်နေ့အထိ။သင်တန်းအမည် - Implementing and Administering a Standardized Network
သင်တန်းနေရာ - Myanmar Info-Tech , e-Learning Center.
သင်တန်းအချိန် - နံနက် (၉း၀၀)နာရီ မှ (၅း၀၀)နာရီအထိ
သင်တန်းကြေး - ၉၀၀၀၀ ကျပ် ( သင်တန်း ၅ ရက်အတွက် နေ့လည်စာနှင့် Tea Break ပါဝင်သည်။)(မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ ၅ % Discount ပေးပါမည်။)
Labels:
Announcement News
Subscribe to:
Posts (Atom)